(part3)

112 5 0
                                    

"ကောင်းကောင်း မင်းအမနဲ့ မင်းနဲ့က ငယ်ငယ်ကတည်းက ဒီလိုပုံစံပဲလား"-မင်းမင်းမှ ထပ်စပ်စုလိုက်ပြန်သည်
"အရင်က အမက ဒီလိုမဟုတ်ခဲ့ဘူး ငါ့ကိုဆို စာတွေလည်းသင်ပေးတယ် အပြင်လည်း ခဏခဏ သွားဖြစ်တယ် ခရီးရှည်တွေတောင်ထွက်ဖြစ်တယ် ဒါပေမယ့် သူ တက္ကသိုလ် နောက်ဆုံးနှစ်လောက် ရောက်တော့ကုမ္ပဏီ အလုပ်တွေနဲ့ဆိုတော့ ငါ့ကိုအချိန်မပေးနိုင်တော့ဘူးလေ"
"ငါ့မှာ အမ မရှိတဲ့အချိန်ဆို အထီးကျန်လိုက်တာမှ မင်းကတော့ ငါ့လို အငယ်ဆုံးရဲ့ခံစားချက်ကိုဘယ်နားလည်မလဲ မင်းကိုဘာလို့ ဒါတွေပြောနေမှန်းတောင်မသိတော့ဘူး ဟူး......."-ကောင်းကောင်း မှာ ကျုံးရေပြင် ကိုငေးကာ မင်းမင်းအားရင်ဖွင့်နေမိသည်
"ငါကတော့ မင်း ရင်ထဲမှာ ခံစားနေရတဲ့အတိုင်း မင်းအမကိုပြောစေချင်တယ်"
"ဘယ်လို ဘယ်လို"-ကောင်းကောင်းမှာ အနည်းငယ်ကြောင်သွားဟန်ဖြင့်မေးလိုက်သည်
"မင်းအခု အထီးကျန်နေတယ်လို့ခံစားနေရတာမလား
အမကိုအတူတူ အဖော်ပြုပေးဖို့ ပြောလိုက်လေ"
"ဟာ အဲ့လိုကြီးက သူ့အတွက် အဆင်ပြေမယ်မထင်ဘူးအမမှာ အလုပ်တွေလည်းရှိသေးတာကို ငါ့ကြောင့်အနှောင့်အယှက်မဖြစ်စေချင်ဘူး"
Unicode #
