(part2)

166 5 0
                                    

ထိုစဥ် ဆရာဝန်မှ လူနာအား ဆေးရုံ ဆင်းလို့ ရပြီ ​ဖြစ်ကြောင်း အသိလာပေးသောကြောင့် တစ်မိသားစုလုံး အိမ်သို့ ဦးတည်၍ ပြန်လာခဲ့ကြသည်
" ကဲ မအေးမြင့်ရေ  ထမင်းခူးဟေ့ ငါဗိုက်ဆာတယ်"
-ဦးရဲရင့်မိုရ် မှ အထုပ်တွေချရင်းလှမ်းအော်လိုက်သည်
" မင်း အဆင်ပြေရဲ့ လား"-မင်းမင်း မှ ကောင်းကောင်း  အား ကားပေါ်ကမဆင်းမှီ မေးလိုက်ခြင်းဖြစ်သည်
" မင်းမင်း မောင်လေး ကိုချီ ပြီး အိမ်ထဲ ခေါ် သွားပေးပါအုံး ငါ သူ့ကို မချီနိုင်ဘူး"-မေမြင့်မိုရ်မှ မင်းမင်း အား အထုပ်တွေသယ်ရင်းပြောလိုက်သည်
"မင်းရဲ့ ခန္ဓာ ကိုယ် က ပေါ့ပေါ့လေး ဘာတွေများ စား​ပြီး အားရှိနေတာလဲ ငါ့ညီမလေးတောင် မင်းထက်လေးမယ်ထင်တယ်"-မင်းမင်း မှာ ကောင်းကောင်း  အား သစ်ရွက်မ သလို မကာ အိမ်ထဲ ဝင်သွားလေသည်
" မင်း ဧည့်ခန်း မှာနားအုန်း မှာလား ဒါမှ မဟုတ် အခန်းထဲ ပဲ လိုက်ပို့ ပေးရမလား"- မင်းမင်း မှ ကောင်းကောင်း  အား နူးညံ့စွာ မေးလိုက်သည်
"ကျွန်တော် အခန်းထဲ မှာပဲ နားချင်လို့ လိုက်ပို့ ပေးလို့ ရ မလား"-ကောင်းမြင့်မိုရ် မှ အားနာ သော လေသံဖြင့်ပြောလိုက်သည်
Unicode#
