(part5)

179 2 0
                                    

မင်းမင်းမှာ ညက မအိပ် ပျော်၍ လူနာ စောင့် ရင်း တစ်မှေးလောက် အိပ်ပျော်သွားလေသည်
ထိုစဥ် နူးညံ့ သော တစ်စုံ တစ်ရာက ခေါင်းကို လာ ထိသောကြောင့်လန့်နိုးသွားသည်
"ဟို ဒီမှာ ခင်ဗျ ကျွန်​ တော်ရေဆာလို့ ရေလေး ရနိုင်မလား ခင်ဗျ"-ကောင်းမြင့်မိုရ် မှ မင်းမင်းကိုနှိုး ကာရေတောင်းနေခြင်းဖြစ်သည်
" ရေ..ရေ..လား ခ..ခ..ခဏ နော် ကိုယ် ပေး..ပေးမယ်"-မင်းမင်း မှာအိပ်နေရာမှ ဆက်ကနဲ ထကာ ရေ ရှာလေသည်
"ရေက ဘေးနားမှာလေ"-ကောင်းမြင့်မိုရ် မှ ရေဘူးကို လက်ညိုး ထိုးပြလိုက်သည်
"အော်...ဟုတ်သား"-မင်းမင်း မှ ရှက်ကိုးရှက်ကန်းဖြင့်
ရေဘူးအဖုံးဖွင့်ပေးလိုက်သည်
"မရို မသေ ကျွန်တော့် ကို ရေတိုက်လို့ရလား လက်ကအားမရှိလို့"
" အော်.. အေးအေး" -မင်းမင်း မှာ အသက် ၇၀ ကျော် အဘိုး ကြီးကဲ့သို့ လက်များတုန်နေသည်
"အဲ.. ရေတွေဖိတ်ကျကုန်ပြီ ကိုယ်တောင်းပန်ပါတယ် အဆင်ပြေရဲ့ လား "
" ရ..ရပါတယ် အဆင်ပြေ ပါတယ်"-ကောင်းကောင်း မှ ရဲ့ရဲ့ လေးပြုံးပြလိုက်သည်
ထိုစဥ် ဘုန်းကြီး မှ ဆရာဝန် နဲ့ အတူတူ ဝင်လာသည်
Unicode #
