(part2)

138 4 0
                                    

နောက် နေ့မနက် ထမင်းစားဝိုင်းတွင် ဒေါ်ဝေဝေလွင် တို့ သားအမိ တွေ မျက်နှာ ညိုးငယ်စွာထိုင် ကာ ငေးနေကြသည်
"အန်တီ မနေ့က ကိစ္စ အတွက် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ကောင်းကောင်း ကို ဂရုစိုက်ပေးသင့် ပေမယ့် သူ့ကို ငိုအောင်လုပ် မိသွားလို့"-မင်းမင်းမှ စကား စပြောလိုက်သည်
"မင်းမင်း ကို အန်တီ အပြစ်မတင် ပါဘူး တကယ်တော့ အကုန်လုံး က အန်တီ့ ရဲ့ အမှားတွေပါ သားလေးကို အချိန်မပေးမိလို့ အခုလို တွေဖြစ်လာရတာ "
" အမေရယ် ကိုယ့်ဟာ ကို အပြစ်မတင် ပါနဲ့ အမေလည်း ဒီမိသားစု အတွက်အကောင်းဆုံး ကြိုးစား နေတာ ကို သမီးအသိဆုံးပါ "-မေမြင့်မိုရ် မှာ ဒေါ်ဝေဝေလွင် အားနှစ်သိမ့် ပေးနေသည်
"အန်တီ ခဏနေ ကျွန်တော် ကောင်းကောင်း နဲ့ စကားပြော ကြည့်လို့ ရမလား သူ့ကို ပြေရာပြေကြောင်း စကားပြောချင်လို့"
"သား မင်းမင်း သူ့ကို နေ့လည် ရောက်မှ နေ့လည်စာ ပေးရင်း ဆေးတိုက် လိုက်ပါလား  အခုက တော့ အန်တီ ပဲ သွားလိုက်ပါ့မယ်" "သားလေးက အန်တီ့ကို နာကြည်းနေရှာမှာ"-ဒေါ်ဝေဝေလွင် မှာ ပြောရင်း ဆိုရင်း အပေါ်ထပ်တက်သွားသည်
"အမေ သမီးရော လိုက်ခဲ့မယ်"-မေမြင့်မိုရ် မှ နောက်က လိုက်သွားသည်
Unicode #

