(part6)

181 4 0
                                    

" ဟော.. တူလေးတောင် နှိုးလာပြီပဲ ဒကာ ကြီး ဒီလောက်ဆိုရင်တော့ ဒီအပတ်တွင်းတောင်ဆေးရုံ ဆင်းလို့ရပြီမလား"-ဘုန်းကြီး မှ ဆရာဝန် အားဝမ်းသာစွာဖြင့်ပြောနေသည်
" ကျွန်တော် သူ့ကို ဒီအပတ်အတွင်းတော့ စောင့်ကြည့်ပြီးရင်အခြေအနေ ကိုပြန်ပြောပါ့မယ်"-ဆရာဝန် မှာ ကောင်းကောင်း အား သွေးပေါင်ချိန် တိုင်းပြီး ထွက်သွားလေသည်
" ကဲ ဒီတိုင်း ဆိုရင်တော့ တူလေးပြန်ကောင်းလာမှာပါ"
"တင်ပါ့ဘုရား တပည့်တော် လည်း ဘုန်းဘုန်း နဲ့ ခုလိုပြန်တွေ့ရလို့ ဝမ်းသာပါတယ် နောက်ဆုံး တွေ့တာ လွန်ခဲ့ တဲ့ တစ်နှစ်က လို့ ထင်တာပဲ"-ကောင်းကောင်း မှ ဘုန်းကြီး အား ပြုံးကာပြော လိုက်သည်
" တူလေး ကမှတ်မိသားပဲ ဥာဏ် ကတော့ အတော် ကောင်းမဲ့ ပုံ ပဲ  နေကောင်း ပျောက်ရင် ဟောဒီက အစားကြည့်စား နေတဲ့ မင်းမင်း ကိုလည်း စာလေးဘာလေး သင်ပေးပါအုံး" -ဘုန်းကြီး မှ မင်းမင်း အားမျက်စပစ်ကာပြောလိုက်သည်
"ဘုန်းဘုန်း ကလည်း တပည့်တော် က အာဟာရအတွက် လိုအပ်လို့ စားတာပါ အင်တာဂျီ လေ အင်တာဂျီ.. "
" ဟဲ့ ဘယ်က အင်တာဂျီ လဲ energy ပါ ပီအောင်ပြော မင်းငါ့ ကျောင်းသားလုပ်ပြီးEnglish လို ပီအောင်ပြော" -ဘုန်းကြီး မှ မင်းမင်း အား နာရင်းအုပ်ရင်းပြောလိုက်သည်
Unicode #

