part(2)

273 8 0
                                    

" ဟယ် ဘုန်းဘုန်း တို့ လာပြီ" " မအေးမြင့် ရေ ခြံ တံခါး သွားဖွင့် ပေးပါအုံး"-​ဒေါ် ဝေဝေလွင် မှ အိမ်အကူ မအေးမြင့် ကို လှမ်းအော်လိုက်သည်
" ဘုန်းဘုန်း တို့ တော်တော် ပင်ပန်းတော့မှာ ပဲ တပည့်တော် ယောက်ျားက အလုပ်ကိစ္စ နဲ့ ခရီးထွက်နေရလို့" " တကယ်တော့ တပည့် တော် ပါ နောက်အပတ်ထဲ နိုင်ငံခြားသွားဖို့ အစီအစဥ်ရှိတာ အလုပ်ကိစ္စနဲ့ မို့လို့ပါ မဟုတ်ရင်တော့ မသွားပါဘူး" -ဒေါ် ဝေဝေလွင်မှ ဝမ်းနည်းသံဖြင့် ပြောလိုက်သည်
" အဲ့တော့ ဒကာမကြီးတို့အိမ် မှာဘယ်သူမှ မရှိဘူး လား"
" သမီး မေမြင့်မိုရ်ရယ် အမေ ရယ် သား လေး ရယ်ပဲကျန်တော့တာပါ သမီးကတော့ အခု ကုမ္ပဏီ မှာ အစည်းအဝေးရှိလို့ သွားတယ် သားကတော့ သူ့စာကြည့်ခန်းထဲမှာ"
" တူလေးရော သူ အဆင်ပြေလား"-ဘုန်းကြီး မှ စိတ်မကောင်းစွာ မေးလိုက်သည်
" သူ အခု ကျောင်းတက်လို့မရတော့ အိမ်မှာပဲ ဆရာခေါ် သင်တော့တယ် အခုတောင် စာကြည့်ခန်းထဲမှာ စာလုပ်နေတာလားမသိဘူး"-ဒေါ်ဝေဝေလွင် မှအပေါ်ထပ်ကိုကြည့်၍ ပြောလိုက်သည်

Unicode #
