(part5)

96 2 0
                                    

မင်းမင်းမှာ ကြေးရုပ်ကြီးရဲ့ ရင်ဘတ်ကြီးကိုပွတ်ကာ ​တိုးတိုးလေး ရေရွတ်နေသည်
"မင်းမင်း ဘာတွေဆုတောင်းနေလို့ အဲ့လောက်ထိကြာနေရတာလဲ ကြေးရုပ်ရဲ့ ရင်ဘတ်ဆိုတော့ ရင်ဘတ်နာလို့လား"-ကောင်းကောင်းမှာ စပ်စပ်စုစု မေးလိုက်သည်
"ဘာမှ မဟုတ်ပါဘူး ဒီတိုင်းပဲ" "ဒုတ်..ဒုတ် ဒုတ်..ဒုတ်"-
"မင်းဆီ ကလာတဲ့အသံလား ဒါမှမဟုတ် ကြေးရုပ်ဆီကလား"-ကောင်းကောင်းမှာ မင်းမင်း နားကပ်ကာ မေးလိုက်သည်
"ငါ..ငါပြော တယ်လေ ဘာ...ဘာမှမဟုတ်ပါဘူးဆို သွား...သွားရအောင်"-မင်းမင်း မှာကောင်းကောင်း ကို အတင်းဆွဲကာ နှစ်ယောက်သား မေမြင့်မိုရ် တို့ ရှိရာဆီဉီးတည်ခဲ့သည်
ထို့နောက် ငါးကန်နှင့် ပန်းခြံကို ဝင်ပြီး မဟာမုနိ ဘုရားမှပြန်ထွက်လာခဲ့သည်
"ငါ တို့ မနက်စာကို ဘယ်မှာ စားရင်ကောင်းမလဲ "-မေမြင့်မိုရ်မှ ဘေးနားက သွန်းကို မေးလိုက်သည်
"ခေါက်ဆွဲကြော် ဆိုရင်ရော"
"ခေါက်ဆွဲ ကြော် ကမနက်စာမှမဟုတ်တာ"-ကောင်းကောင်း မှာ ကားနောက်ခန်းမှ ငြင်းလိုက်သည်
"ဒါဆို ပေါက်ဆီ ရော မန်းမြို့တော် သွားမလား"-မေမြင့်မိုရ် မှ အကြံပေးလိုက်သည်
"ကောင်းသားပဲ အဲ့ဒီကိုပဲသွားလိုက်လေ"-သွန်းမှ မေမြင့်မိုရ် ကိုပြောလိုက်သည်
Unicode #
