(part5)

128 5 0
                                    

"ကဲ ရောက်ပြီ ဒီမှာ ခဏထိုင်အုံး ငါထမင်းခူးပြီးယူခဲ့မယ်"-မင်းမင်း မှာ ကောင်းကောင်းကို ဧည့်ခန်းတွင် ထားခဲ့ပြီး ထမင်းစားခန်းထဲ ဝင်သွားသည်
"သား ထမင်းစားမလို့ လား ဆန်ပြုတ်သောက်မလား အမေ ပြုတ်ပေးမယ်လေ"-ဒေါ်ဝေဝေလွင် မှ ထမင်းစားခန်းမှထွက်လာပြီး မေးလိုက်ခြင်းဖြစ်သည်
"တော်ပြီ ကျွန်တော် ထမင်းပဲ စားတော့မယ်"
"ဒါနဲ့ အဖေ ရော ကျွန်တော် ဆေးရုံ ဆင်းကတည်းက တစ်ခါမှ မတွေ့ရသေးဘူး"
"သားအဖေ က မင်းဆေးရုံ ဆင်း ပြီး ကတည်းက နယ်ဘက် က အလုပ် ပေါ်လာလို့ သွားတယ် လေအခုထိ အခြေအနေ မတည်ငြိမ်သေးလို့နေမှာ"
"အမေ ရော နိုင်ငံခြားသွား ရမယ်ဆို"
"သြော် အဲ့ဒါက ကိစ္စ မရှိပါဘူး ရက်ရွှေ့ လိုက်လို့ရတယ် ဘာလဲသား က အိမ်မှာ အမေ့ကိုမမြင်ချင်ဘူးလား"-ဒေါ်ဝေဝေလွင် မှာ မျက်နှာ ရှုံ့ပြီးမေးခြင်းဖြစ်သည်
"အဲ့လို မဟုတ်ပါဘူး ကျွန်တော် က အမေ အိမ်မှာ ရှိနေတော့ ကျွန်တော့် ကြောင့်နဲ့ အလုပ်တွေနှောင့်နှေး ကုန်မှာစိုးလို့"
"သား မင်းက အမေ့သားပါ အလုပ်တွေက မင်းလောက် တန်ဖိုးမရှိဘူး အမေ အလုပ်တွေလုပ်နေတယ် ဆိုတာက သားရဲ့ နောင်ရေး အတွက် အကုန်လုံးက သားအတွက်ပဲ အဲ့ဒါကြောင့် အမေအိမ်မှာ အချိန်ပြည့် မရှိ နိုင်ရင်တောင်အမေ့ကို နားလည်ပေးစေချင်တယ်"-ဒေါ်ဝေဝေလွင် မှ သူ့သား ကို ခေါင်းပုတ်ပြီး ရှင်းပြနေသည်
Unicode #

