(part4)

151 5 0
                                    

"မင်းမင်း သားလေးရော ထမင်း စားမယ်တဲ့ လား"-ဒေါ်ဝေဝေလွင် မှ မင်းမင်း အား ထမင်းစားဝိုင်း တွင်မေးလိုက်သည်
"သူ ခဏလောက် အိပ်မယ် လို့ပြောတယ် ဆေးသောက်ချိန် နီးရင် တော့ ထမင်း ယူ လာမယ် လို့တော့ ကျွန်တော် ပြောခဲ့တယ်"
" အဲ့တာဆို သားစားပြီးတာနဲ့ သူ့ကို တစ်ခါတည်း သွားပေး ပေးပါ အုံး ပြီးရင် သူ့ ဘေးနား က နေကြည့် နေပေးပါနော် အန်တီ တို့ ခဏနေ အလုပ်ထဲ ကို သွားကြည့်စရာရှိလို့ပါကွယ် သောက်ရမယ့်ဆေးအတွက် က ဆရာဝန် ဆေးရုံ မှာရှင်းပြ ထားတဲ့ အတိုင်း ပဲ တိုက်လိုက်နော်"-ဒေါ် ဝေဝေလွင် မှ မင်းမင်းကိုအားကိုး တကြီးပြောနေသည်
"တစ်ကယ်တော့ အန်တီ တို့ ကသူ့ကို အချိန်ပေး ချင်ပါတယ် အခု ဟာက တစ်ကယ် မရလို့ပါ"-ဒေါ် ဝေဝေလွင် မှ မင်းမင်း ကို အားနာနေသည်
"ရပါတယ် အန်တီ ကျွန်တော့် ကို စိတ်ချလိုက်ပါ" "စိတ်မပူပါနဲ့ သူ့ကိုဆေးသေချာ တိုက်လိုက်ပါ့မယ်"
"မင်းမင်း တူလေးကို ဂရုစိုက်လိုက်အုံးနော် ငါလည်း မဟုတ်ရင် မင်း တို့နားမှာနေပေးပါတယ် အခု နယ် ဘက် က ကိုရင်လေးတွေ အပျင်းဖျားနေလို့တဲ့ ငါ ဒီညနေ ရထားနဲ့ ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် ပြန်မှ ရတော့မှာ"-ဘုန်းကြီး မှ မင်းမင်း အား စိတ်မကောင်းစွာ ပြောလိုက်သည်
"ဘုန်းဘုန်း ကျွန်တော့် အမေ ကိုဒီမှာ အဆင်ပြေတယ်လို့ ပြောပေးပါအုံး ညီမလေးတို့ကို လည်းကျန်းမာအောင် နေဖို့ပြောလိုက်ပါဗျာ သူတို့ က မိုးရွာထဲမှ ဆော့တတ်လို့"-မင်းမင်းမှာ စိတ်ပူနေဟန်ပြောလေသည်
Unicode #
