Chapter (7)(part1)ကျေးဇူးပဲ

116 5 0
                                    

"ငါ့လက်က ဒါဏ်ရာ က သိပ်မနာပါဘူး မင်းဘာမှမဖြစ်ဘူးမလား"-မင်းမင်း မှာ ကောင်းကောင်းကို အေးဆေးစွာပြန်ဖြေလိုက်သည်
"မင်းမင်း ဘာလို့ အဲ့လောက်ထိ ငါ့ကို စိတ်ပူပေးတာလဲ အမှန်တကယ် ငါ့လိုလူကို အမုန်းဆုံးက မင်းဖြစ်သင့်တာလေ "-ကောင်းကောင်း မှာမင်းမင်း ဒါဏ်ရာကိုကြည့်ရင်းပြောနေသည်
ထိုစဥ် မေမြင့်မိုရ် မှ bubble tea ဝယ်ပြီး ပြန်လာသည်
"ဟဲ့ နင်တို့နှစ်ယောက် ဒီနားမှာထိုင်ပြီးဘာလုပ်နေကြတာလဲ"
"အမ မင်းမင်းဒါဏ်ရာရသွားလို့ "
"ဟယ်နင်တို့ ကလည်း ငါထွက်သွားတာမှ မကြာသေးဘူး ခနလေး ကားထဲမှာ ဆေးပစ္စည်းတွေရှိတယ် သွားယူလိုက်အုံးမယ်"
တအောင့်ကြာ
"ရော့ ဒါဏ်ရာကိုရေနဲ့ဆေးပြီး ဒီဆေးထည့်လိုက်"
"ငါ ဟိုဘက် မှာ ဖုန်းသွားပြောလိုက်အုန်းမယ်"-မေမြင့်မိုရ် မှာ အလောတကြီး ထွက်သွားပြန်သည်
Unicode#
