(part4)

98 5 0
                                    

"နေ့လည် စာထမင်းစားဆင်းတာလဲ မြန်လိုက်တာစာတောင် သိပ်မသင်ရသလိုပဲ"-မင်းမင်း မှာ ကန်တင်းမှာ ဝင်ထိုင်ရင်းပြောလိုက်သည်
"မြန်မှာပေါ့ စာသင်နေတဲ့ အချိန် တုန်းက အိပ်ငိုက်နေပြီးတော့"-ကောင်းကောင်းမှာ မင်းမင်းကို နာရင်းတစ်ချက်အုပ်ရင်းပြောလိုက်သည်
"ဒီမှာရှင့် နေရာလွတ်လား မသိဘူး တခြားနေရာတွေက ထိုင်လို့ မရတော့ဘူး လူတွေပြည့်နေလို့ ထိုင်လို့ရလား"-မျက်နှာပြည့်ပြည့် နှင့် ချစ်စရာကောင်းတဲ့ကောင်မလေး တစ်ယောက် ထမင်းပန်းကန်လေးကိုင်ကာ ရပ်နေသည်
"ရ..ရပါတယ် ကျတော့် ဘေးမှာနေရာလွတ်တယ် "-ကောင်းကောင်း မှ မင်းမင်း နေရာဘက်ကို ရွှေ့ကာ နေရာပေးလိုက်သည်
"မင်းကလည်း ငါနဲ့ ထိုင်ချင်ရင် အစကတည်းက ဒီဘက်ကိုလာရောပေါ့"-မင်းမင်း မှ ကောင်းကောင်း ရဲ့ ပါးကို ဆွဲရင်းပြောလိုက်သည်
"နင့်မေ.." -ကောင်းကောင်း မှာ မင်းမင်း ခြေထောက် ကိုတက်နင်း ရင်းအသံတိတ် ဆဲလိုက်သည်
"နှစ်ယောက်က တွဲနေကြတာလား"-ကောင်မလေးမှ မျက်လုံးလေးပြူးပြီး မေးလိုက်သည်
"ဟုတ်တယ်လေ ငါတို့နှစ်ယောက်က. အား...နာတယ်ဟ"-မင်းမင်း မှာ ကောင်းကောင်း ဆီမှ ထပ်ပြီး တက်နင်းခံ ရသောကြောင့် အသံမထွက်နိုင်ဖြစ်သွားသည်
"ငါတို့ က သူငယ်ချင်းတွေပါ" -ကောင်းကောင်းမှာကောင်မလေးကို ပြုံးပြလိုက်သည်
 
# Unicode

