(part7)

93 2 0
                                    

"အမ ကျွန်တော် မေးစရာတစ်ခုရှိတယ်"
"ဒီလိုဗျာ ကျွန်တော် ရှင်းတောင်မရှင်းပြတတ်ဘူး /....ဟိုလေ ကိုယ်က ဘာမှ မဟုတ်ဘဲနဲ့ အဲ့ဒီလူ တစ်ယောက်နားကို ရောက်သွားမိရင် ရင်ခုန်တာတို့ သိပ်ပြီး အကြည့်ချင်းမဆုံရဲတာတို့ ရှိတယ်လေ"
"အဲ့လို အခြေအနေ မျိုးကို ဘယ်လိုခေါ်တာလဲ"
"ဒီတိုင်းပဲ စိတ်လှုပ်ရှားတာလား"-မင်းမင်း မှာ ရောဂါခံစားနေရတဲ့လူနာလို မေမြင့်မိုရ် ကို အပြင်းအထန်မေးမြန်းနေသည်
"အဲ့ဒီလူ က ဘယ်သူလဲ"-မေမြင့်မိုရ် မှ မင်းမင်းကို စေ့စေ့ကြည့်ပြီးပြောလိုက်သည်
"အဲ့..အဲ့ ဒီလူက..အဲ့လူက"
"ကောင်းကောင်း မလား"-မေမြင့်မိုရ် မှ ငါသိနေတယ်လေဆိုတဲ့ အပြုံးကြီးဖြင့် ပြောလိုက်သည်
"အဲ့တာကို ဘယ်လို..သိနေတာလဲ"-မင်းမင်းမှာ သူခိုးလူမိသွားသလို မျိုး လန့်သွားသည်
"သိတာပေါ့ ငါကမင်းတို့ ထက်အသက်ကြီးတယ်လေ ပြီးတော့အတွေ့အကြုံပိုရှိတယ်လေ"-မေမြင့်မိုရ် မှာဂုဏ်ဆာသော ရုပ်ဖြင့်ပြန်ပြောလိုက်သည်
"ငါ ရှင်းရှင်းပဲမေးမယ် မင်း ကောင်းကောင်း ကို ဘယ်လို ခံစားရလဲ"
"ကောင်းကောင်းကို အစကတော့ သိပ်မကြိုက်ဘူး တစ်ဇွတ်ထိုးဆန်လို့ ထင်တယ်ဒါပေမယ့် သူ့မှာလည်းသူ့အကြောင်းနဲ့သူရှိတယ်ဆိုပြီးတော့နားလည်ခဲ့တယ် ​အစကတော့သူငယ်ချင်းတစ်ယောက်လိုခံစားရတယ်"-မင်းမင်းမှာ ခံစားချက်တွေနဲ့ ပြောနေသည်
Unicode #
