(part3)

131 5 0
                                    

မင်းမင်းမှာ ရုတ်တရက် အေးတာကနေ ပူသလို ခံစားရသောကြောင့် အိပ်နေရာမှ မျက်လုံးများပွင့်လာသည်
"အော်ငါအိပ်မက် မက် နေတာပဲ ထင်သားပါအိပ်မက်လို့ "-တစ်ယောက်တည်းရေရွတ် ရင်း ကောင်းကောင်း ဘက်ကို လှည့်ကြည့်လိုက်သည်
ကောင်းကောင်း မှာ ချွေးဇောများ ပြန်ကာ မျက်နှာကြီးမဲ့ရှုံနေသည်
"ကောင်းကောင်း ထတော့ ငါတို့ အိမ်ရောက်ပြီအန်တီတို့တောင် ငါတို့ကိုထားပြီးထွက်သွားပြီ"
ကောင်းကောင်း မှာ မျက်လုံးများ ပွင့်လာကာ ပတ်ဝန်းကျင်ကို ပြူးပြဲကြည့်နေသည်
"အမေတို့ အိမ်ထဲဝင်သွားပြီလား"
"သူတို့ ဝင်သွားတာ ကြာတောင်ကြာနေလောက်ပြီ"
ကောင်းကောင်းမှာ ကားတံခါးကိုအတင်းတွန်း ပြီး ထွက်လိုက်သည်
"ဘုန်း."
"ကောင်းကောင်း ဟေ့ အဲ့လို အရင် ဆင်းလို့ဘယ်ဖြစ်မလဲ လာလာ ငါ သယ်ပေးမယ်"-မင်းမင်းမှာ ပြောပြောဆိုဆို ကောင်းကောင်းကို သစ်ရွက်လေးလို ပွေ့ချီလိုက်သည်
"မင်း ဘာစားပြီးအားရှိနေတာလဲ ခန္ဓာ ကိုယ် ကပေါ့ပေါ့ လေး"-မင်းမင်း မှာ ကောင်းကောင်း ကို အားမလိုအားမရ ပြောလိုက်သည်
"မင်းနေ့ တိုင်း လာကျွေးတဲ့ ထမင်း နဲ့ဟင်းစားနေတာပဲလေ ဒီလို ဖြစ်နေတာတော့ ငါလည်း မတက်နိုင်ဘူး"-ကောင်းကောင်းမှာ မင်းမင်း ကိုမျက်နှာလွှဲ၍ပြောလိုက်သည်
Unicode #
