Chapter (5)(part1)တိုးတက်လာမှု

149 5 0
                                    

မိုးဖွဲလေးများ မှာ မရပ်မနားတမ်းတဖွဲဖွဲ ကျနေသည်
မင်းမင်း မှာ ခြံထဲမှ ပန်းပင်တွေကို အိမ် ပြတင်းပေါက်မှ ကြည့်ကာ အတွေးပုံရိပ်ထဲမျောနေသည်
''သား မင်းမင်း ညစာ စားတော့မလား"-ဘွားတင်မှ လှေကား ပေါ်မှ ဆင်းရင်းမေးလိုက်သည်
"အမှန်တိုင်း ပြောရရင်တော့ ကျွန်တော် ဗိုက်ဆာနေတာ ဒါပေမဲ့ နဲနဲ စောနေသေးလားလို့"-မင်းမင်း မှာ ဘွားတင် ကို ကူတွဲပေးရင်းပြောလိုက်သည်
" အဘွား ကောင်းကောင်း ရော အခြေအနေ ဘယ်လို ရှိလဲ"-မင်းမင်း မှ စိတ်ပူနေဟန်ရှိသည်
"အဘွားသူ့ ကို မနည်း နားလည်အောင်ရှင်းပြ လိုက်ရတယ် သူ့မိသားစု ကသူ့ကို ဂရုစိုက်ပါတယ်လို့
....ဟင်း..... မြေးလေး က စိတ်ဓာတ်ကျနေ ရှာတာ
သူ.ခမျာ အိမ်ထဲ ကအိမ်ပြင်လဲမထွက်ရ အိမ်ထဲ မှာ နေရတော့ လဲ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် စုံစုံလင်လင် မနေရ ဆိုတော့"-ဘွားတင် မှာ မျက်ရည်များ စို့တက်လာပြန်သည်
"သူ အခုတော့ အိပ်နေတယ် ညစာကိုတော့ ခဏနေ အဘွားသွားပို့ လိုက်ပါ့မယ် "
" ညစာကျွန်တော် သွားပို့လို့ ရပါတယ် အဘွား လှေကားအတက်အဆင်းမလုပ်တာကောင်း မယ်ထင်တယ်" -မင်းမင်းမှာ အဘွားအား ဧည့်ခန်း တွင်းသို့ ခေါ်သွားကာပြောနေသည်
"ဒီနေ့တော့ အဘွား ပဲ သူ့နားမှာနေပေးလိုက်ပါ့မယ် အခြေအနေ တည်ငြိမ် မှ သားသူနဲ့ စကားပြော ကြည့်ဖို့ ကြိုးစားလိုက်ပေါ့ကွယ်"

Unicode #
