(part6)

145 3 0
                                    

"ခင်ဗျားလည်း အတူတူ ပဲ တစ်ခြား သူတွေလို ကျွန်တော့် ကို ဂရုစိုက်ပေးချင်လို့ မဟုတ်ပါဘူး ပိုက်ဆံရချင်လို့ မလား"
ကျွန်တော့် လို ဒုက္ခိ တ ဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ သူကို ဘယ်သူက အဖက်လုပ်ပြီး စကားပြောချင်မှာလဲ"-ကောင်းမြင့်မိုရ် မှာ မျက်ရည် များတသွင်သွင်ကျကာ ပြောနေသည်
" မင်း တခုခု အထင်လွှဲ နေပြီ ထင်တယ် ငါက အဲ့လို မဟုတ်.."
"အပို မပြောနဲ့ ငါ့ဘေးနားကိုရောက်လာတဲ့ သူတိုင်းက ငါ့ကိုချစ်လို့ ရောက်လာတယ် များမှတ်နေလား အကုန်လုံး က ​​ေငွမျက်နှာကြောင့်ကြည့်ပဲ ငါ့ရဲ့ ကိုယ်ပိုင် မိသားစုကတောင် ငါ့လိုလူကို ဆောက်ဂရုမစိုက်ဘူး "
"မဟုတ်ဘူး အဲ့လို... "-မင်းမင်း မှ စကားပြောဖို့ကြိုးစားကြည့်နေသည်
" အခုတောင် ငါဆေးရုံ ကပြန်ရောက်လာတာတောင် လာကြည့် ကြလို့လား.."" သူတို့ အလုပ်ပဲ
သူတို့ ဆောက်ဂရုစိုက်တာလေ"
ထိုစဥ် အောက်ထပ်မှ ဘွားတင်နှင့် မအေးမြင့် တို့တက်လာကြသည်
"မြေးလေး မြေးလေး ဘာဖြစ်လို့လဲ ကွယ် ဘာလို့ငိုနေတာလဲ "-ဘွားတင်မှာ ကောင်းမြင့်မိုရ် အားပြေးဖက်ရှာလေသည်
"အဘွား လဲတူတူပဲ ကျွန်တော့်ကို ဒီလိုမျိုး ဂရုစိုက်မပြ ပါနဲ့ မုန်းရင် မုန်းတယ်ပြောလိုက်ပါ"
-ကောင်းမြင့်မိုရ် မှာ ဘွားတင်အား ထပ်ပြီးတွန်းလဲလိုက်ပြန်သည်
Unicode #

