(part 5)

314 7 0
                                    

"အမေ့ ကျွန်တော့် ကို ကိုယ့်သားလေး ဆိုပြီး နဲနဲပါးပါး တောင် မတားတော့ ဘူးလား သူများတွေဆို သားအကြီး ကို သူများ ဆီမသွားစေချင်တာတို့ စိတ်ပူတာတို့ ရှိတယ်လေ" -မင်းမင်းမှ ထမင်းပလုတ်ပလောင်း ဝါး၍ ပြော လိုက်သည်
" နင့် မှာ လက်ရော ခြေ ရော အကောင်းကြီးရှိနေတာကို လူကဖြင့် ကျားကိုးစီးစားလို့မကုန် ဘူး ဟိုဘက်က ကျောင်းပါထားပေးမှာ ကို ငါက မသွားခိုင်းရအောင် အဲ့ လောက်ထိ မရူးသေးဘူး" " ငါ့များ drama queen များမှတ်နေလား ကိုရီးယားကားကြည့် ပေမယ့် ငါ ကောင်းကောင်း စဥ်းစားတတ်ပါတယ်"
မင်းမင်း မှာ mother ကြီးမှ ဓာတ်ပြားဟောင်း ပွတ်သောကြောင့် ထမင်းသာ ငုံ့စားနေတော့သည်
" မနက်ဖြန် ဘုန်းကြီး ကိုသွားလျှောက်ချေ အမေကခွင့်ပြုတယ်လို့ "- မင်းမင်း အမေ မှာ အတည်ကြီး နှင်လွှတ်နေသောကြောင့် ဘာမှ မပြော သာတော့ပဲ နောက်နေ့၌ ဘုန်းကြီး ကို လိုက်မည့်အကြောင်း သွားလျှောက်ကာ ငှက်ပျောဖီး ယူ၍ အိမ်ပြန်လာခဲ့သည်
" အမေ ဘုန်းကြီး က မနက်ဖြန် သူနဲ့ မြို့တက်ရမယ်တဲ့ အဲ့တာ ကျွန်တော့် ကိုလွမ်းမနေ နေ...နေ"
" အမေ ကျွန်တော် ပြောတာ ရောကြားလား ကိုရီးယား ကားပဲမကြည့်ပါနဲ့ ဆို သားလေးကိုနဲနဲလေး အရေးလုပ်ပါအုံး"-မင်းမင်းမှ သူ့အမေ ကို ငိုသံကြီးနဲ့ပြောနေသည်
" နင်ဒီအရွယ်ရောက် နေပြီ ဟာကို ကိုယ့်အားကိုတော့ ကိုးပါအုံး အစားကြည့်မက်မနေနဲ့ သူများတွေကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံ" "ငါ့ကို အရှက်မခွဲနဲ့" -ဒေါ်သူဇာမှာ TV ဘက်လှည့် ကာ ငိုသံဖြင့်ဆုံးမနေသည်
Unicode#

