(part2)

598 13 0
                                    

" ဘုန်းဘုန်း ဘုရား တပည့်တော် အမေ့ ကို အကြော်ကူရောင်းပေးနေလို့ နောက်ကျတာ ပါဘုရား"-မင်းမင်း မှ ဘုန်းကြီးဆူ မှာစိုး ၍ ကြိုလျှောက် ထားလိုက်သည်
    " မင်းတိမ်လွှာ မင်းငါ့ကျောင်းမှာ ဘုန်းကြီးကျောင်းသား လာလုပ်နေတာ ဘယ်အရွယ် ကတည်းက လဲ"
     " ကျွန်တော် အရင် ဘဝ မမွေးခင်ကတည်းက  တုံကင်နံပါတ်နဲ့ ပါ ဘုရား" -မင်းမင်း မှ ပြန်ဖြေ လိုက်သည်
   ဘုန်းကြီး မှ ရယ်ရမ လိုလို ထရိုက် ရမလိုလို နှင့်
" မင်း ကတော့ ငါ့ လည်း မကြောက် ပါလား ဒီကောင်   Go to hell directly ပဲ"
    " အယ်.. ဘုန်းကြီး က ဘိုလို မိန့်တတ်တယ်ပေါ့"
-မင်းမင်း မှ လက်အုပ်ချီကာ ပြန်လျှောက်လိုက်သည်
      " တော်ပြီ မင်း ကို ငါ ပြန်ပြောရင် ဇာတ်လမ်းက မပြီးတော့ဘူး ငါမင်းကို ခေါ်ရတာ က အရေး​​​ တ ကြီး ပြောစရာရှိလို့  "
       " မင်း မြို့ တက်ပြီး အလုပ်လုပ်ချင်လား" -ဘုန်းကြီး မှ မျက်နှာ တည်ကာ မင်းမင်းအားမေးလိုက်သည်
     " ဘာ အလုပ် လဲဘုရား" -မင်းမင်းမှ သိချင် စိတ်ဖြင့်မေးလိုက်သည်
      " ထွေထွေ ထူးထူး မဟုတ်ပါ ဘူး ငါ့ တူလေးကို စောင့်ရှောက်ပေးရမှာ "
   " ဟာ ဘုန်းဘုန်း ကလည်း ကျွန်တော့် အိမ်က ညီတွေညီမ တွေနဲ့ တင် ငိုချင်နေတာကို ကလေးတော့ မထိန်း ချင်တော့ဘူးဗျာ "-မင်းမင်းမှ မဲ့ ရှုံ့ သွားသည်
     Unicode#

    
