(Part2)

111 4 0
                                    

"ဒီနေ့က မိုးနဲနဲတော့ အုံ့ ပေမဲ့ ထီးပါတော့ ကိစ္စ မရှိပါဘူးလေ"-မင်းမင်း  စိတ်ထဲမှာ တွေးရင်း လမ်းဘက်ကို ငေးနေသည်
"ကဲ ငါတို့ မဟာမုနိ ဘုရားကိုရောက်ပြီ"
"ဖိနပ်တွေကို ကားပေါ်မှာပဲ ချွတ်ခဲ့နော်"-မေမြင့်မိုရ် မှ သတိလှမ်းပေးလိုက်သည်
ထိုစဉ် အသက် ၂၀ ဝန်းကျင် ခန့် ရှိသော ကောင်မလေးတစ်ယောက် ကားနားမှာ ရပ်စောင့်နေသည်
"မမ ပြောတော့ ၁၅ မိနစ်ပဲ စောင့်ရမှာဆို ခုတော့ နာရီဝက်ကျော် သွားပြီ"-ကောင်မလေး မှာ မေမြင့်မိုရ် ကို နှုတ်ခမ်းလေးဆူပြီး ပြောနေသည်
"မမက အစော ကြီးနိုးပါတယ် မမမောင်လေးတွေက အိပ်ရာထနောက်ကျနေလို့ "-မေမြင့်မိုရ် မှာကောင်မလေး ကို ​ညင်ညင် သာသာလေး ပြန်ချော့နေသည်
"အမ ကျွန်တော် တို့ ဒီကိုဘုရားကန်တော့ ဖို့လာတာ ဟုတ်ပါတယ် နော်"-ကောင်းကောင်း မှ ကောင်မလေး နဲ့သူ့အမကိုကြည့်ပြီး မေးလိုက်သည်
"ကောင်းကောင်း မတွေ့တာတောင်ကြာပြီနော် နင်နဲနဲပိန်သွားသလိုပဲ အရင်ကလိုပဲနော် ငါ့ကိုတွေ့ရင်အဲ့လို ကန့်လန့်ကန့်လန့်ပဲ ဖြေတယ်"-ကောင်မလေး မှ ကောင်းကောင်း ကို လှမ်းစလိုက်သည်
"မသွန်းက ရော ကျွန်တော် နေမကောင်းဖြစ်တုန်းကဘာလို့လာမတွေ့တာလဲ" " မေမြင့်ရဲ့ မောင်လေးကလည်း သွန်းရဲ့မောင်လေးပါလို့ ပြောခဲ့ပြီးတော့"
Unicode #

