Chapter(8)(part1)ကျွန်တော့်ရဲ့ခံစားချက်

122 3 0
                                    

"မင်းမင်း ရေ ထတော့လေ ငါတို့ ဘုရားကို စောစောသွားမှ ရမှာဟ တစ်ခြားနေရာတွေရော သွားစရာရှိသေးတယ်"-မေမြင့်မိုရ် မှ အိပ်နေသော မင်းမင်းအခန်းတံခါးကို ကျယ်လောင်စွာ ခေါက်လေတော့သည်
"..ဟာ..အမကြီး အစော ကြီးပဲရှိသေးတာကို"-မင်းမင်းမှ မျက်လုံးကြီး မှိတ်ကာ ပြန်ဖြေလိုက်သည်
"ဟဲ့ ဘုရားမျက်နှာသစ်တော်ရေ ကပ်ရအောင်လို့ စောစောသွားမှ ရမှာ မြန်မြန် ထ ငါကောင်းကောင်း ကိုသွားနှိုးလိုက်အုံးမယ်"
"ကောင်းကောင်း ထတော့ ငါတို့ စောစောသွားမှ ရမှာ
မင်းမင်းကိုလည်း နှိုးပြီးသွားပြီ"
"အမ ငါးမိနစ်လောက်အိပ်လို့မရဘူးလား"-ကောင်းကောင်း မှ အိပ်ရာပေါ်လှဲ ရင်းပြောနေသည်
"မရဘူး အခုထ ကုသိုလ်ကောင်းမှုများများ လုပ်မှ ကျန်းမာရေး ပြန်ကောင်းလာမှာပေါ့"-မေမြင့်မိုရ် မှ ကောင်းကောင်း ကိုမရမကနှိုးနေသည်
နာရီဝက်အကြာ
"အံမယ် နင်တို့နှစ်ယောက် က ဒီလို သန့်သန့်ပြန့်ပြန့် လေးဝတ်လိုက်တော့ ငါ့ထက်တောင် ချောသွားသလိုပဲ" "ကျက်သရေတွေ ကိုရှိနေတာပဲ ကဲသွားရအောင်"
"အော် ဒါနဲ့ မင်းမင်း ထီးယူဖို့မမေ့နဲ့နော် ဒီနေ့မိုး ရွာလောက်တယ်"-မေမြင့်မိုရ် မှ မင်းမင်း ကိုကားပေါ်မတက်ခင် ပြောခြင်းဖြစ်သည်
Unicode #

