(part4)

105 4 0
                                    

"ဘုရားရှိခိုးပြီးပြီ ဆိုတော့ ရေသပ္ပယ်တဲ့နေရာသွားရအောင် ပြီးတော့ ပြတိုက်ရောပဲ အော် ပြီးတော့ ကြေးရုပ်ထုတွေရော သွားကြည့်ချင်တယ် ပြီးတော့.. -ကောင်းကောင်း မှာ စိတ်လှုပ်ရှားပြီး ကလေးတစ်ယောက်လို ခုန်ပေါက်နေသည်
"ကောင်းကောင်း ဖြည်းဖြည်း လျှောက် ချော်လဲမယ် ဒီနေ့တစ်နေကုန်သွားစရာတွေရှိသေးတယ် မပူနဲ့ ဒီက မမက လိုက်ပို့ပေးမယ်"-မေမြင့်မိုရ် မှာ ကောင်းကောင်း ကို ပြုံးပြီး အော်ပြောလိုက်သည်
"မင်းမင်း မြန်မြန် လာလို့ သနားခါးသွေးတဲ့နေရာရော သွားရအုန်းမှာ"-ကောင်းကောင်းမှာ အပျော်လွန်ပြီးမင်းမင်း လက်ကို ဆွဲ ကာ လျှောက်ပတ်ကြည့် တော့သည်
"ဝိုး..ဒီကြေးရုပ် ကြီးတွေက တစ်ကယ့် လူအစစ်နဲ့တူတယ်နော် ငါဒီကို ငယ်ငယ် ကရောက်ဖူးပေမယ့် သိပ် မမှတ်မိတော့ဘူး"-မင်းမင်း မှာကြေးရုပ်ကြီးတွေ ကို တအံတသြ ကြည့်နေသည်
"ဒီကြေးရုပ်တွေရဲ့ ခေါင်းကိုပွတ်ပြီး ခေါင်းမကိုက်ပါစေနဲ့လို့ ပြောရင် ခေါင်းကိုက်ပျောက်တယ် ပြီးတော့ ဗိုက်မနာ ပါစေနဲ့လို့ ပြောရင် ဗိုက်မနာတော့ဘူးလို့ လူကြီးတွေပြောကြတာပဲ" "ငါ ဒီကို လာချင်ခဲ့တာကြာပြီ ငါ့ ခြေထောက်က မကျန်းမားသေးလို့သာ အခုတော့ငါ့ဆန္ဒတွေပြည့်သွားပြီ"-ကောင်းကောင်း မှာ ကျေနပ်စွာပြုံးပြီး ပြောလိုက်သည်
Unicode #
