Chapter(2)(part1)သူနှင့်တွေ့ရာဝယ်

308 7 0
                                    

"ဘုန်းဘုန်း အိမ်ကမရောက်သေးဘူးလား တပည့်တော် ဗိုက်ဆာနေပြီ " -မင်းမင်းမှ မျက်နှာကြီး ရှုံ့မဲ့ စွာဖြင့်ပြောလိုက်သည်
" ရောက်တော့မှာပါ မင်းကလည်း မန္တလေးက ဆိုင်ကယ်တွေ ရှုပ်နေလို့ သွားရလာရတာ က တို့ နယ်လိုတော့ဘယ်ဟုတ်မတုန်း"- ဘုန်းကြီး မှ မီနီအိုး ဝေ နောက်မှ ထိုင်လိုက်လာသော မင်းမင်း အားပြန် ပြောလိုက်သည်
တအောင့်ကြာ ခြံ ဝင်း ကျယ် နှင့် သားနားလှသော ခေတ် ပေါ် အိမ် ရှေ့သို့ မီနီအိုး ဝေ လေး ဆိုက်ရောက်တော့ သည်
"ကဲ ဒကာ ဒီမှာ ဆင်းမယ် ဘယ်လောက်လဲ "
" ၆၅၀၀ ပါ ဘုရား" -မီနီအိုး ဝေ မောင်းတဲ့ ဦးလေးကြီးမှ ပြန်ဖြေလိုက်ခြင်းဖြစ်သည်
" ဒကာ ကြီး ကလည်း ဘူတာ နဲ့ ဒီနဲ့ ဘယ်လောက်မှ မရှိ တာ ဘုန်းဘုန်း ကိုတော့ ​ေလျှာ့ပေးလို့မရဘူးလား"
" ဘုန်းဘုန်း ကလည်း တပည့်တော်မှ မရှိလို့ လုပ်စားပါတယ်ဆို"
မီနီအိုး ဝေ မောင်းသူ ဦးလေးကြီးမှာ ပိုက်ဆံ မရလျှင် မပြန် ဘူးဆိုသော ပုံစံ ဖြင့်ကြည့်နေသည်
" ပေးလိုက်ပါ ဘုန်းဘုန်း ကလည်း အိမ်ရှေ့တောင်ရောက်ပြီကို"-မင်းမင်း မှ ပြောနေ၍ ဘုန်းကြီး မှာ ၆၅၀၀ ပေးလိုက်ရသည်
Unicode #

