(part6)

111 4 0
                                    

"အ..အမ ကျွန်..ကျွန်တော့် ကိုစိတ်မဆိုး ဘူးလား"
"ဘာလို့ စိတ်ဆိုးရမှာလဲ မမကို ဒီလို ပြောပေးတဲ့အတွက် ပျော်တောင်ပျော်သေးတယ် ဒီအမ မှာတော့ မောင်လေး က အရင်ကလိုမဟုတ်ဘဲ အနေစိမ်းနေလို့ စိတ်ပူနေရတာပါနော်"
"နောက်ဆိုရင် မောင်လေးမှာ အခက်အခဲရှိရင်ဒီလို မျိုးပြောပြ နော် မမ အမြဲ နားထောင်ပေးမယ်"-မေမြင့်မိုရ် မှ ပြုံးရွှင်စွာ ပြောလိုက်သည်
"ကဲ အခုတော့အိမ်ပြန်ကြမယ်"- မောင်နှမ နှစ်ယောက်လက်တွဲကာ မင်းမင်း ရှိရာ ကားစီကို ပြန်လာခဲ့ကြသည်
"နောက် အပတ်ပိတ်ရက်ကြရင် အမတို့ တစ်နေရာရာ သွားကြရအောင် ဘယ်လိုလဲ "-မေမြင့်မိုရ် မှာ ကားမောင်းရင်း ပြောလိုက်ခြင်းဖြစ်သည်
"တကယ်လား အမ ကျွန်တော် ရောလိုက်မှာနော် "-မင်းမင်း မှာကားနောက်ခန်းမှ ပြုံးစိစိ ဖြင့်ပြောလိုက်သည်
"ကောင်းသားပဲ ဘယ်သွားကြမှာလဲ"-ကောင်းကောင်း မှ မေမြင့်မိုရ် ကို ပြန်မေးလိုက်သည်
"လျှိ့ဝှက်ချက်"
"ဟာအမ ကြီးကလည်း အချင်းချင်းတွေပဲဟာကို "-မင်းမင်း မှာမျက်နှာကြီးရှုံမဲ့ ပြလိုက်သည်
"အဲ့လို မျက်နှာကြီးမလုပ်စမ်းပါနဲ့ ရုပ်ဆိုးတယ်"
"ဟုတ်တယ်မလား မမသူ့မျက်နှာက အိမ်မြှောင်ရုပ်နဲ့တူတယ်မလား"
"တူတယ် တူတယ်"-
"ဒီမောင်နှမ နှစ်ယောက်ကသူတို့တွေပြန်ခေါ်တော့ကျွန်တော့် လို အချောလေးကို ဝိုင်းပြီးပြောကြတယ်ပေါ့"-မင်းမင်းမှာ ကောင်းကောင်း တို့ကိုပြန်စလိုက်သည်
Unicode #
