(part2)

114 5 0
                                    

"မင်းမင်း တအားနာနေလား နာရင်ပြောနော်ကြိတ်ခံမနေ နဲ့"-ကောင်းကောင်း မှာ မင်းမင်း ရဲ့လက်ကို တယုတယကိုင်ကာ ဆေးလိမ်းပေးနေသည်
"ကောင်းကောင်း မင်းကဒီလို အချိန်မှာ ဆိုတော်တော်သဘောကောင်းတာပဲ အမြဲတမ်း ဒီလိုလေးဖြစ်နေရင်မင်းကိုငါ ကြွေ မိလောက်တယ်"-မင်းမင်း မှ ကောင်းကောင်း ရဲ့ မျက်ဝန်းတွေကိုကြည့်ရင်းပြောနေသည်
"မင်း လက်ထိသွားတာမဟုတ်ပဲ ခေါင်းပါထိသွားတာပဲ ရိုမန့်တစ်ဆန်တဲ့ဟာတွေပြောနေပြန်ပြီ"
"ကဲ ပြီးပြီ bubble tea သောက်အုန်းမလား"
"bubble tea ကဘာကြီးလဲ ပူဖောင်းလား"-မင်းမင်းမှာ ကောင်းကောင်း လက်ထဲ ကဘူးကိုအကဲခတ်နေသည်
"ဟီး..ဟားဟား...မင်းမင်း ငါ့ကိုလာနောက်နေတာလား ငါထပ်ပြီးမရယ်ပါရစေနဲ့ ရော့သောက်ကြည့်လိုက်"
"ချိုချိုမွှေးမွှေး လေးပဲ အေးအေးလေးနဲ့ သောက်လို့ကောင်းတယ်ဟ ငါတစ်ခါမှ မသောက်ဖူးဘူး ဒါနဲ့ အမရော ဘယ်ရောက်သွားလဲ "
"သူခုန က ဖုန်းပြောမလို့ဆိုပြီးထွက်သွားတယ် သူ့မှာကိုယ့်မောင်အရင်းအတွက်တောင် အချိန်မပေးနိုင်ဘူးလေ ဘာတွေများအဲ့လောက်အရေးကြီးနေမှန်းမသိတော့ပါဘူးကွာ"-ကောင်းကောင်း တစ်​​ယောက် ခုံပေါ်မှာ နောက်လှန်ချရင်းပြောလိုက်သည်
Unicode#
