(part6)

104 4 0
                                    

"ဟာ ကောင်းကောင်း မတွေ့တာတောင် ကြာပြီနော် မင်းကိုလွမ်းနေတာ "-ကောင်းကောင်း ကို နောက်မှ ခန္ဓာကိုယ် တောင့်တောင့် နဲ့ကောင်လေးတစ်ယောက် လှမ်းပြီးသိုင်းဖက်လိုက်သည်
ကောင်လေးမှာ စျေးကြီးသည့် အဝတ်အစားနဲ့ နာရီကို ဝတ်ထားပြီး အထက်တန်းရှိရှိ ချမ်းသာတဲ့မျိုးရိုးက ဖြစ်ပုံရသည်
ရုပ်ရည်မှာ အပြစ်ပြောစရာမရှိ ကျက်သရေရှိလှသည်
"မင်းမင်း မှာ ကောင်လေးကို တွန်းထုတ်လိုက်သည်"
"မင်းက ဘယ်သူလဲ"
"မင်းကရော ဘာလို့' ကောင်း' နားမှာ ရှိနေတာလဲ"- ကောင်လေးမှာ မင်းမင်းမျက်နှာထဲ ဝင်တော့ မလို နီးကပ်စွာ စိုက်ကြည့် လိုက်သည်
"နေ... နေ ကြပါအုံး ဘာတွေလဲ ငါမင်းကို မမှတ်မိဘူးလို့"-ကောင်းကောင်းမှ ကောင်လေး ကို မင်းမင်း နားမှ ဖယ်ကာပြောလိုက်သည်
"ငါလေ မိုးစက်လျှံ မမှတ်မိဘူးလား မင်းမနက် က လင်းညို့ ကိုလည်း မမှတ်မိဘူးလို့ပြောလိုက်တယ်ဆို အဲ့လောက်ထိတောင်ကျန်းမာရေး အခြေအနေ ဆိုးသွားမှန်း ငါမသိခဲ့ဘူး"-မိုးစက် မှ ကောင်းကောင်း ကိုစိတ်မကောင်း စွာဖြင့်ပြောနေသည်
"ကောင်းကောင်း မင်း ငါတို့ လိုသူငယ်ချင်း တွေကိုပစ်ပြီး ဒီလို ဆင်းရဲ စုတ်ချာတဲ့ သူတွေနဲ့ သူငယ်ချင်းဖြစ်နေမယ် လို့ ငါမသိခဲ့ဘူး"-မိုးစက်မှ မင်းမင်းကို မျက်စပစ်ကာပြောလိုက်သည်
"ဘာ...မင်းဘာဖြစ်ချင်နေတာလဲ ငါတို့ကဆင်းရဲပေမယ့် မင်းပါးစပ် လို မညစ်ပတ်ဘူး"-မင်းမင်း မှ ဒေါသထွက်သွားသည်
#Unicode
