(part7)

110 7 0
                                    

"အား..ဗိုက် အောင့် လိုက်တာအိမ်သာအမြန်သွားဖို့လိုအပ်နေပြီ"-မေမြင့်မိုရ် မှာ အိမ်ရောက်ရောက်ချင်း အိမ်သာပြေးလေသည်
"ကျွန် တော်တော့ ဗိုက်ဆာတယ်"-ပြောပြောဆိုဆို မင်းမင်းမှာ ဗိုက်ပွတ်ရင်းကားပေါ်က ဆင်းလိုက်သည်
"ခ..ခဏ လေး မင်းမင်း.."-ကောင်းကောင်းမှာ အနောက်ကလှမ်းဆွဲလိုက်သည်
"ဘာတုန်း ငါဗိုက်ဆာတယ်ကွ မင်းကို ချီသွားရအုန်းမှာလား"
"မဟုတ်ပါဘူး ဟို..ဟို..လေ ငါ..မင်းကို"
"ကောင်းကောင်း စိတ်အေးအေးထားပြီးပြော ငါဗိုက်ဆာတယ်ဆိုပြီး မင်းကိုတော့မစားဘူး စိတ်ချ"
"အရူး ဘာတွေလာပြောနေတာလဲ မင်းကို ကျေး..ကျေးဇူး တင်...တင်တယ်လို့"
"ဘာရယ် ငါသိပ်မကြားရလို့ ကျယ်ကျယ်လေးပြောပေးလို့ရမလား ကိုကောင်းကောင်းခဗျ"
"ငါနှစ်ခါမပြော ချင်ဘူး"
"ဘာ"
"ကျေးဇူး ပဲလို့ ကိုအိမ်​မြှောင် ရဲ့"-ကောင်းကောင်း မှာ ရှက်ရမ်းရမ်းပြီး အိမ်ထဲပြေးဝင်သွားသည်
"အော် မလို ပါဘူး ကိုကောင်းကောင်းခဗျ"မင်းမင်းမှာလှမ်းနောက်လိုက်သည်
"ဒီနေ့တော့ ရာသီဥတု သာယာတယ် ဟေ့ မိုးမရွာလောက်ဘူး"-မင်းမင်း မှာ တစ်ယောက်တည်း ပြောရင်း အိမ်ထဲဝင်သွားသည်
Unicode #

