(part4)

128 6 0
                                    

"ကိုယ် အဲလေ မှားလို့ ငါ မင်းကို ဒဲ့ပဲ ပြောမယ်
အခု မင်းက ဆေးရုံ မှာ ငါနဲ့ခင်ခဲ့ တဲ့ ကောင်းကောင်း ရော ဟုတ်ရဲ့လား အဲ့တုန်းက မင်းက တအား ဖော်ရွေတယ်လေ"မင်းမင်း မှ ရိုးရိုးသားသား မေးလိုက်သည်
"အဲ့ တုန်း ကငါတို့ က စသိခါစပဲ ရှိသေးတာလေ ပြီးတော့ ငါမင်းကို စမ်းသပ်ချင်လို့ ဖော်ရွေပြ လိုက်တာ အခု အဲ့ တုန်းက အကြောင်းကို မေ့ပစ်လိုက်တော့
ငါမြင်ယောင်ပါသေးတယ် မင်းလည်း တခြားသူတွေလို နောက်ကျရင် ငါ့ကို သည်းခံနိုင် မှာမဟုတ်ပါဘူး"
"ဘာလို့ဆို ငါ့လိုလူက.."
"ကဲ အရင်ဆုံး ထမင်းလေးစားပြီး အပြောလေးလျှော့ လိုက်ပါလား ဆေးလည်းသောက်ရအုံးမှာဆိုတော့ ကျွန်တော့် ကို တော့ မုန်းချင်သလောက်မုန်းပါ မိသားစုကိုတော့ စိတ်ဆင်းရဲအောင် လုပ်ပြီး ကိုယ့်ဟာကို သေကြောင်း မကြံနဲ့ပေါ့ ကို ကောင်းမြင့်မိုရ် ခင်ဗျ"-မင်းမင်း မှာ ကောင်းမြင့်မိုရ် ရဲ့ စကားကိုဖြတ်ပြောရုံ မက ရွဲ့ စောင်း ကာပြောလိုက်သေးသည်
ကောင်းမြင့်မိုရ် မှာ စူပုပ်ကာ ဆေးမသောက်ဘူး လုပ်နေသောကြောင့် ပါးစပ်ထဲ အတင်းထိုး ထည့်ကာ ထွက်လာခဲ့သည်
"ဘာလဲဟာ ငါ့ဟာငါ ရွာမှာ ဘုန်းကြီးအိမ်သာဆေးပြီး အမေနဲ့ အတူအကြော်ရောင်းတာကမှ ဒီထက်ပိုကောင်းအုံးမယ်"-မင်းမင်းမှာ တစ်ယောက်တည်း ရေရွတ်ကာ စိတ်ညစ်ညစ် နဲ့ အောက်ထပ်သို့ဆင်းလာခဲ့သည်
Unicode #

