(part8)

261 5 0
                                    

"ကောင်းကောင်း ငါ့ကို မမှတ်မိဘူးဆိုတာ မဖြစ်နိုင်ဘူး ငါ့ကိုသူမှတ်မိ လာအောင်ငါလုပ်ရမယ် "-မိုးစက်မှ ပုခုံးပေါ်က လင်းညို့လက်ကို ဖယ်ကာ ကြိမ်းဝါးလိုက်သည်

"ဒီနေ့ ကျောင်းပထမဆုံးနေ့မှာ အဆင်ပြေလာခဲ့လား"-မေမြင့်မိုရ် မှ မျက်နှာကြီး ဆူပုပ်နေသော မင်းမင်းကို လှည့်မေးလိုက်သည်
"ဟာမမေး ပါနဲ့တော့ အမရာ ဒီနေ့က တကယ့် ကို.."
"ပျော်စရာ ကောင်းပါတယ် တော်တော်လည်း ပင်ပန်းတယ် သူငယ်ချင်းအသစ်တောင်ရခဲ့သေးတယ်"-ကောင်းကောင်းမှာ မင်းမင်း ကို လက်ကာ ပြ လိုက်ပြီး စကားဖြတ်ပြောလိုက်သည်
" နင်တို့ ပျော်ရင် ပြီးတာပဲ မင်းမင်း ဘာပြောစရာရှိလို့လဲ မျက်နှာကြီး ဆူပုပ်နေတာ "-မေမြင့်မိုရ် မှ ကားနောက်ခန်းက မင်းမင်း ကို မှန်ထဲမှ ကြည့်ပြီးမေးလိုက်သည်
"ဘာမှ မရှိပါဘူး  ကျတော် ဗိုက်ဆာနေလို့ အမ အိမ်ကိုမြန်မြန် မောင်းပေးပါ"
"အေးအေး ဒီနေ့ ရာသီဉတုက အုံ့မှိုင်း နေတာပဲ ညရောက်ရင် မိုးရွာတော့မယ်ထင်တယ်"-မေမြင့်မိုရ် မှ ကားမောင်းရင်း ရာသီဉတုကို အကဲခတ်လိုက်သည်
#Unicode


