(part7)

175 3 0
                                    

" ဟီး..ဟီး...ခစ်..ခစ်ခစ်.."-ဘုန်းဘုန်း ဘုရား တပည့်တော် ရယ်ရလို့ ဗိုက်တောင်အောင့်လာပြီ -ကောင်းကောင်း မှ နူးညံ့စွာ ပြုံးရယ်လိုက်သည်
"ကဲ တူလေးနှိုးလာပြီဆိုတော့ ဒကာမကြီး တို့ ကို အကြောင်း ကြားလိုက်အုံးမယ် မင်းမင်း တူလေးဘေးမှာ ခနလောက်နေပေးလိုက်အုံး"-ဘုန်းကြီး မှာ ပျော်ရွှင်စွာ ဖြင့် ထွက်သွားပြန်သည်
ဆေးရုံ ခန်းမှာ ပြန်လည် တိတ်ဆိတ် သွားပြန်သည်
"ဒါနဲ့ ခင်ဗျားနာမည် က မင်းမင်း လား"
"ဟုတ် ကျွန်တော့် နာမည် မင်းတိမ်လွှာ ပါ"" မင်းက ကောင်းမြတ်မိုရ်မလား"
" ကောင်းမြင့်မိုရ် ပါ ခင်ဗျ"
" ဆောရီး ဆောရီး အဲ့လို ပဲ ဒီမနက် မနက်စာ နဲနဲ ပဲစားခဲ့ လို့ မှတ်ဥာဏ်ပိုင်း ချို့ ယွင်းသွားတယ်ထင်တယ်"-မင်းမင်း မှာ ပြုံးစိစိ ဖြင့်ပြန်ဖြေလိုက်သည်
" ခင်ဗျား က တအား ရယ်ရတယ်နော် ကျွန်တော် တောင် နဲနဲ ရွှင်လန်းလာသလိုခံစားရတယ်"-ကောင်းကောင်း ထပ်ပြုံးလိုက်သည်
" မင်းပြုံး လိုက်ရင် တော်တော် ချစ်စရာကောင်းတယ်နော်"-မင်းမင်း မှ ကောင်းကောင်း ကိုကြည့်ပြောလိုက်သည်
" ခင်ဗျာ"
" အဲ့ တာက ဟိုလို ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူး တကယ် ချစ်စရာကောင်းလို့အမှန်အတိုင်းပြောလိုက်တာ"-မင်းမင်းမှ ကပျာကယာရှင်းပြလိုက်သည် ကောင်းကောင်း မှာ အံသြ သောမျက်နှာ ဖြင့်ကြည့်နေသည်
Unicode #

