(part3)

139 7 0
                                    

နေ့လည် အရောက်တွင်
"..ဟူး......"မင်းမင်းမှာ သက်ပြင်းရှည် တစ်ချက်မှုတ်လိုက်သည်
" ဒေါက်ဒေါက်.... ဒေါက်ဒေါက်....."
"ကောင်းကောင်း ကိုယ်ပါ ဝင်လာခဲ့လို့ ရမလား"
အခန်းထဲ မှ တစ်အောင့် အကြာ တိတ်ဆိတ် ပြီးမှ
"ဝင်ခဲ့ပါ"-ကောင်းကောင်း မှ ပြန်ထူး လိုက်သောကြောင့် မင်းမင်း မှာပြုံးဖြီးပြီး ဝင်သွားသည်
"ဒီနေ့ နေ့လည် စာ ကတော့ဆိတ်ကလီစာ ဟင်း ကို မှ ငပိရည် တို့ စရာနဲ့ ရွာမှာ ဆို ရင် ဒီလို ဟင်းမျိုး စားရခဲတယ် အကြော်နဲ့ ပဲ နှစ်ပါးသွားရတဲ့ ရက်က များတော့ ဒီလို ဟင်းမျိုးက ကိုယ့် အတွက်တော့ ရှယ်ပဲ"-မင်းမင်း မှ ပျော်ပျော် ကြီးပြောနေသည်
"မင်းအသက် ဘယ်နှ နှစ် လဲ"ကောင်းကောင်း မှ ခပ်မာမာ ပြန်မေးလိုက်သည်
"ဆယ့် ဆယ့် ခွန်"-မင်းမင်း မှာတုန့်ကနဲ ရပ်သွားပြီးမှ ပြန်ဖြေလိုက်သည်
"ငါ နဲ့ အသက် ကအတူတူ ပဲ ဒီအတိုင်း စကားပြောရင် မင်းနဲ့ ငါ သုံးပြီး ပြောလို့ ရတယ် ကိုယ် တို့ အစ်ကို တို့ ကျွန်တော် တို့ ပြောစရာမလိုဘူး ကြားရတာ နားထဲမှာကန့်လန့်ကန့်လန့် ဖြစ်လို့"-ကောင်းကောင်း မှာ မင်းမင်း ကို စူးစိုက်ကြည့်ပြီး ပြန်ပြောလိုက်သည်
မင်းမင်း မှာ ကောင်းကောင်းကို နားမလည်စွာကြည့်လိုက်သည်
Unicode #

