(part5)

100 5 0
                                    

"တကယ်တော့ ငါက ဒီနှစ်မှ ဒီကျောင်းကိုပြောင်းလာတာ အဲ့တာကြောင့် သူငယ်ချင်းလည်း တစ်ယောက်မှ မရှိသေးတော့ ခုချိန်ထိ နေသားမကျသေးဘူး"
"ငါတို့နဲ့ သူငယ်ချင်းလုပ်လို့ရတယ်လေ ရွာမှာဆို သူငယ်ချင်းတွေမှ အများကြီး ပဲ ညနေဘက်ဆို လယ်ထဲ ဂဏန်း ဆင်းနှိုက်တာပျော်စရာကြီး "-မင်းမင်းမှာ အားရပါးရ သူပျော်ခဲ့ တာတွေကို ပြန်ပြောနေသည်
"ဖြည်းဖြည်း ပြောပါဟ ကောင်မလေးလန့်သွားအုံးမယ် "-ကောင်းကောင်း မှာ မင်းမင်း ကို ထပ်ပြီး တက်နင်းလိုက်သည်
"နင်က ဘယ် ရွာကလည်း ငါ က စစ်ကိုင်းဘက်က "-ကောင်မလေးမှာ စိတ်ဝင်စားဟန်ဖြင့် မျက်လုံးလေးများလက်သွားသည်
"ဒါနဲ့နာမည် ဘယ်လိုခေါ်လဲ"-ကောင်းကောင်း မှ ကောင်မလေးကိုမေးလိုက်သည်
"သဒ္ဒါထက်စံ ပါ "
"နာမည် ကလှတယ်နော် နာမည် လေးအတိုင်း သဒ္ဒါ တရားထက်သန်စွာနဲ့ မုန့်ဝယ်ကျွေးလို့ရလား"-မင်းမင်း က ရုပ်တည်ကြီးနဲ့ စလိုက် သည်
"ဝယ်ကျွေးမယ်လေ ဘာစားမလဲ"-သဒ္ဒါ မှ ပိုက်ဆံ အိတ်တွေထုတ်ပြီး ထဟန်ပြင်နေသည်
"သဒ္ဒါ ရတယ် သူကစနေတာ တကယ်မဟုတ်ဘူး"-ကောင်းကောင်းမှ မနည်းလှမ်းတားရသည်

#Unicode

"သဒ်ဒါထကျစံ ပါ "
