chapter-10(part1)ပထမနေ့

114 4 0
                                    

ရက်တွေ လတွေ ရာသီတွေ အသင့်အတင့် ကုန်ဆုံး ပြီးနောက် ကျောင်းပြန်ဖွင့်ချိန်သို့ ရောက်လာသည်
အရင် နှစ်မှ ကောင်းကောင်း မှာ ကျန်းမာ ရေးမကောင်းသောကြောင့် ကျောင်း နားထားခြင်းဖြစ်သည်
ဒီနှစ်တွင်တော့ 'မင်းမင်း ' နှင့်အတူတူ ၁၁ တန်းတက်ရမည်ဖြစ်သည်
"မင်းမင်း ဘာဖြစ်လို့ လဲ မျက်နှာ က ဖြူဖက်ဖြူရော် နဲ့ နေမကောင်းဘူးလား ကျောင်းပထမဆုံးတက်တဲ့နေ့မှာ မှ ဖြစ်ရတယ်လို့"-မေမြင့်မိုရ် မှ ကားမောင်းရင်း ဘေးနားမှ မင်းမင်း ကို ပြောနေသည်
"ကျွန်တော် နေကောင်းတယ် ဒီ..ဒီတိုင်း ကျောင်းမသွားတာကြာလို့ ရင်ထဲမှာ တစ်မျိုးကြီး ပဲ ပြီးတော့ ကိုယ်ပိုင် ကျောင်းလည်းတစ်ခါမှ မတက်ဘူးတော့ စိတ်လှုပ်ရှားပြီး အန်ချင်သလို ဖြစ်လာသလိုပဲ"
"အပိုတွေ လုပ်မနေနဲ့ ကျောင်းမှာ မင်းကို သတ်မယ့်သူမရှိဘူး စာသင်ဖို့ သွားမှာကို အဲ့လောက်ထိဖြစ်မနေနဲ့"-ကောင်းကောင်း မှ မင်းမင်း ထိုင်နေတဲ့ ခုံကို နောက် မှ ကန်ကာပြောလိုက်သည်
"ကဲ..ရောက်ပြီ နင်တို့နှစ်ယောက် ကျောင်းမှာလည်း ရန်ဖြစ်မနေနဲ့နော် ပြီးတော့ မင်းမင်း ကောင်းကောင်းကို တစ်ယောက်တည်း ပစ်မထားနဲ့နော် သူကအားငယ်တတ်တယ်"-မေ့မြင့်မိုရ် မှ မင်းမင်း ကို အသေအချာ ပြောနေသည်
"အမ ကလည်း ကျွန်တော် ကလေးမဟုတ်တော့ဘူး ကိုယ့်ဟာကို နေတတ်တယ်"
"ဟာ အမကြီးကလည်း ကျတော် ကောင်းကောင်း ကို ရင်ဘတ်ကြီးတစ်ခုလုံးနဲ့စောင့်ရှောက်မှာပါ"-မင်းမင်း က ကောင်းကောင်း ကို ပုခုံးဖက်ကာ မျက်စပစ်လိုက်သည်

#Unicode

