(part7)

134 3 0
                                    

"သူငယ်ချင်းတို့ အတန်းက နောက်ကျတော့မှာ သွားရအောင်"-သဒ္ဒါ မှ မင်းမင်း နဲ့ကောင်းကောင်း တို့ လက်ကို ဆွဲ ပြီး သုံးယောက်သား ကန်တင်းမှ လှည့်ထွက်ခဲ့သည်
"ညနေကျ ရင် အခန်းရှေ့မှာစောင့်နေမယ် နော် ကောင်းကောင်း"-မိုးစက်လျှံ မှ လှမ်းအော်လိုက်သည်
"ဒီကောင် ဘာဖြစ်ချင်နေတာလဲ "
"နင်ကလည်း စိတ်လျှော့ပါဟယ် ကျောင်းပထမဆုံးနေ့မှာတော့ ရန်ဖြစ်တာမကောင်းပါဘူး"-သဒ္ဒါ မှ မင်းမင်း ကို ဖြောင်းဖျနေသည်
ကောင်းကောင်း မှာ တစ်ခုခု ကို စဉ်းစားကာ တွေဝေနေမိသည်
ညနေဘက်အတန်း ဆင်းချိန် မိုးစက် နှင့် လင်းညို့ တို့ ကောင်းကောင်းအတန်းရှေ့မှာ ရပ်စောင့်နေသည်
မင်းမင်းမှာ ကောင်းကောင်းကို ပုခုံးဖက်ကာ မြန်မြန် ထွက်လာလေသည်
"ကောင်းကောင်း တစ်နေရာရာ သွားပြီး  မုန်စားရအောင်လေ "-မိုးစက်မှ ကောင်းကောင်း လက်ကိုဆွဲလိုက်သည်
"သူ က အိမ်ပြန်ရအုံးမှာ ကျန်းမာရေးက မင်းတို့လို မကောင်းသေးတာ့ လက်လျားလက်လျား လုပ်လို့မရဘူး အဲ့ တော့ ငါတို့ အချိန်တွေကို လာမဖြုန်းပါနဲ့"-မင်းမင်းမှ မိုးစက် ရဲ့ လက်ကို ဖယ်လိုက်သည်
"မင်းက ကောင်းကောင်း ရဲ့ ခွေးလား ဒီလိုမျိုး ဘေးနားမှာကပ်တွယ်နေရအောင် ဘာလဲ ဆင်းရဲတယ်ဆိုပြီး အပိုဝန်ငွေ လေးများရလိုရငြားနေနေတာလား "
"ဘာ...မင်း..."-မင်းမင်း မှာ မိုးစက် ရဲ့ကော်လံစကို ဆွဲကာ လက်သီးပြင်လိုက်သည်
"မင်းမင်း တော်တော့ ငါတို့သွားသင့်နေပြီ ပြီးတော့ မင်း ငါတို့ကို မနှောက်ယှက်ပါ နဲ့တော့ မင်းတို့နှစ်ယောက်ကို ငါတစ်ကယ် မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ် "-ကောင်းကောင်း မှာ မင်းမင်း လက်ကိုဆွဲကာ ထွက်သွားသည်
"မိုးစက် မင်းကိုကောင်းကောင်း ကမှတ်တောင် မမှတ်မိတာ လက်လျှော့ လိုက်ပါတော့ကွာ "-လင်းညို့ မှ မိုးစက် ကို အားပေးနှစ်သိမ့်လိုက်သည်
#Unicode

