(part5)

106 5 0
                                    

"ကဲ ဒီနှစ်ယောက် ဘာတွေ အဲ့လောက်ထိ တိုင်ပင်ဆွေးနွေးနေကြတာတုန်း"-မေမြင့်မိုရ် မှ မင်းမင်းတို့နှစ်ယောက် ကို bubble tea သောက်ရင်းပြောလိုက်သည်
"အမကြီး ကောင်းကောင်းက အမ ကိုပြောစရာရှိလို့တဲ့"
"ဟာ ဟေ့ကောင် မင်းမင်း ဟေ့ငါ့ကိုအဲ့လို မထားခဲ့နဲ့လေ"-ကောင်းကောင်း မှာ ပြောချင်ရာပြော ပြီးထွက်သွားသောမင်းမင်းကို လှမ်းအော်လိုက်သည်
"ထူးထူးဆန်းဆန်း ကောင်းကောင်း က အမကို ပြောစရာရှိတယ်"-မေမြင့်မိုရ် မှာ အံ့သြနေသည်
"အာ အမတကယ်တော့ လေ ကျွန်တော် တကယ်တော့ ဒီ..ဒီ.. ရက် ပိုင်း ဒီ..ရက်.."-ကောင်းကောင်းမှာ စကားတွေထစ်လာကာ စိတ်လှုပ်ရှားနေသည်
"ကောင်းကောင်း မမ ကိုကြည့် အသက်ကိုဖြေးဖြေးရှူ
စိတ်ငြိမ်ငြိမ်လေး ထားပြီးတစ်လုံးချင်းစီပြောကြည့်"-မေမြင့်မိုရ် မှာ ခေါင်းကို ပုတ်ပေးကာပြောနေသည်
"ဒီ..ဒီ ရက်ပိုင်း...အ..အထီးကျန်လို့....အရင်က လို ကျွန်တော် နဲ့ လျှောက်...လျှောက်လည်လို့ ရ...ရလား"
"အ..အမက အရင်ကဆိုကျွန်တော်နဲ့ အတူတူ ရှိပေးလို့ တကယ်ပျော်ရပေမယ့် အခုကြတော့ ကျွန်တော် တစ်ယောက်တည်း ပဲတည်ရှိနေသလိုခံစားရတယ်"
"တကယ်....တကယ်လို့ အမအဆင်မပြေဘူးဆိုရင်.."
"ကောင်ကောင်း အမရဲ့တစ်ဉီးတည်းသောမောင်လေး နောက်ဆုံးတော့ အမကို ရင်ဖွင့်နိုင်ခဲ့ပြီ"-မေမြင့်မိုရ် မှာ ကောင်းကောင်းကို ဖတ်ကာ မျက်ရည်များဝဲနေမိသည်
Unicode #
