ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

1K 108 3
                                    

part 2 (bl ဖြစ်လို့ သဘောကျမှဖတ်ပါ)

အတူတူကြီးပြင်းလာသော သူ၏ညီလေးက ကျန်းဇီမော့ကို သဘောမကျကြောင်းစစ်ကျွင်းတောက် သိပေမဲ့ ဘာကြောင့် သဘောမကျလဲတော့ညမသိပေ။ သူအနေနဲ့ ပြောရရင်တော့ ကျန်းဇီမော့က မကောင်းတာလဲမလုပ်ဘူးသလို သူအပေါ်လည်း အမြဲတမ်းကြင်နာလေ့ရှိပေသည်။
စစ်ကျွင်းတောက် ဝမ်မင်ယီ၏လက်ကို အသာပုတ်၍ ပြောလိုက်သည်။ မင်းသူအပေါ်မကောင်းမြင်နေတယ်ဆိုမှတော့ နောက်ဆိုရင် သူနဲ့များများပေါင်းသင်းကြည့်ပါလား...ဒါဆိုရင် သူအပေါ် အမြင်တွေပြောင်းသွားမှာ ပေါ့။

ဝမ်မင်ယီ တအံတသြဖြင့်မျက်လုံးအပြူးသားဖြစ်သွားသည်။ ငါကမကောင်းမြင်တယ်။
ပြီးတော့....
ငါရဲ မကောင်းမြင်စိတ်ကိုပျောက်ဖို့တွက် သူနဲ့များများတွေ့ရမယ်ဟုတ်လား...
ဝမ်မင်ယီ အနေဖြင့်တော့ သူကိုကိုက ဗီလိန်ဇာတ်ညွှန်းကို ကိုင်ပြီး အတွေးလွန်နေသည်ဟုသာ မြင်မိလေသည်။ ဘယ်တော့ကများ ဗီလိန်  ဇာတ်ကောင်နဲ့ ဇာတ်လိုက်နဲ့ တည့်တာရှိဘူးလို့လဲ။

ဇာတ်ကောင်တွေက တစ်ယောက်နဲ့ တစ်ယောက် မမြင်ချင်ယောင်ဆောင်ပြီး နေနိုင်တယ်ဆိုရင်တစ်မျိုးပေါ့....

အခု စစ်ကျွင်းတောက်သာ အဝတ်စားလဲပြီး ကျန်းဇီမော့နဲ့သွားတွေ့မယ်ဆိုရင် ဇာတ်ကြောင်းအတိုင်းလိုက်ပြီး နောက်ဆုံးတစ်ယောက်တည်း ကျန်ခဲ့မှာက အသေချာပဲ။

ဝမ်မင်ယီ အရမ်းပင်ပန်းလာသလို ခံစားမိလေသည်။ သူအခုလေးတင် ပြန်လည် နှိုးထလာပြီးကိုယ့်ကိုယ့်ကို ကယ်တင်ခဲ့ရသည်။
အခု အားလုံး အစဉ်ပြေပြီးထင်သည့်အချိန်၌ ကန်းနေသည့်သူ၏ကိုကို ကိုကယ်တင်ရပေဦးမည်။

ဝမ်မင်ယီ မျက်လုံးအားကောင်းပြီး မျက်မှန်တောင် မတပ်ရသေးသည့် စစ်ကျွင်းတောက်ကို စိတ်အချဉ်ပေါက်စွာကြည့်လိုက်သည်။

သူဘာလို့များ အဲလောက်ကန်းရတာလဲ....
တချို့သော သူတွေက မျက်လုံးဖွင့်ထားရဲ့သားနဲ့ မမြင်နိင်ပဲ ကန်းနေကြသည်။ အဲဒါကသူ၏ ကိုကို စစ်ကျွင်းတောက်လို လူမျိုးသာဖြစ်သည်။

"ခဏနပေါဦး....
ကိုကိုက အခုမှ အလုပ်က ပြန်လာတာလေ ကျွန်တော်ကလည်း အိမ်မှာရှိနေတယ်။ အခုမှ ပြန်လည် သင့်မြတ်သွားတာဆိုတော့ ကျွန်တော်တို့နှစ်ယောက့် ဆက်ဆံရေးလေးတိုးတက်သွားအောင်အရင်ဆုံးမလုပ်သင့်ဘူးလား..."

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now