ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

610 80 0
                                    

Chapter 42

ဝမ်မင်ယီ ရှုကျင်းကျဲကိုကြည့်ရင်း ယဉ်ယဉ် ကျေးကျေး ပြောလိုက်သည်။

" မင်းက ငါ့ကိုသတင်းတချိူ့လာပြောတော့....ငါလည်းမင်းကိုတစ်ခုတော့ပြန်ပြောပြလိုက်မယ်.....မင်းမှန်းလိုက်တာမှန်တယ်....ငါ့အစ်ကိုမှာ အရည်အချင်းတချို့တော့ရှိတယ်....
ပြီးတော့ မနေ့ကမင်းလုပ်ခဲ့တာကို သူတကယ်သဘောမကျဘူး....အဲ့တော့..သူမင်းကိုသင်ခန်းစာ တစ်ခုလောက်ပေးချင်နေတယ်....
ဒါပေမဲ့အခုတော့...ကျေသွားပြီလေ....
ဆိုတော့...မင်းရဲ့လူကြီးလူကောင်းပုံစံကိုဆက်သရုပ်ဆောင်နေလို့ရပြီ... မင်းငါ့ကိုလာမနှောက်ယှက်ဘဲနေသရွေ...ငါမင်းကိုဘာမှလုပ်မှာမဟုတ်ဘူး.."

ရှု ကျင်းကျဲ စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။တစ်ညလုံးခြောက်ခြားနေတဲ့ သူ့နှလုံးသားလေးနောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပြီ။

ရှု ကျင်းကျဲ သူ့လက်ထဲက အဝတ်ချိတ်ကိုမြှောက်ပြပြီးပြောလာ၏။

" ဒီအဝတ်အစားတွေကအစက  လဲ့ချီ အတွက်စီစဉ်ထားတဲ့ဟာတွေပါ...ငါမင်းကို အခုပြန်ပေးလိုက်မယ်...ဒါဆိုမင်းနဲ့ငါကြားမှာ ဘာမှမရှိတော့ဘူးနော်..."

ဝမ်မင်ယီက ခေါင်းငြိမ့်ပြကာဖြေလိုက်သည်
" အင်း"

"ဒါဆို..ငါအရင်ထွက်နှင့်ပြီနော်"
.
ရှုကျင်းကျဲ သူ့ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့ကနေထွက်သွား ခဲ့၏။

ဤစကားပြောခန်းက ရူကျင်းကျဲ မျှော်လင့်ထားသည်ထက်ပင် ပို၍ချောချောမွေ့မွေ့ပြီးသွား ခဲ့ချေသည်။ ဝမ်မင်ယီက သူစိတ်ကူးထားတာထက် ပိုပြီးရင့်ကျက်နေ၏။ အစကနေအဆုံးအထိ တည်တည်ငြိမ်ငြိမ်နှင့် ပြုံး၍ပင်နေသေးသည်။ သို့ပေမဲ့ ရှူကျင်းကျဲ သည် ထိုသူကမြင်နေရသလိုမျိူး ရိုးရှင်းပြီးအတွေ့အကြုံမရှိတဲ့ပုံစံ မဟုတ်ကြောင်း ခံစားမိပါ၏။

သူ ဝမ်ပေါ်နဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့နည်းလမ်းကိုစဉ်းစားပြီးသည်မှန်သော်လည်း ဤကဲ့သို့ တစ်စုံတစ်ယောက်ဆီမှ ချူပ်ကိုင်ထားခံခြင်းက သူ့ကိုစိတ်မသက်မသာဖြစ်စေတုန်းပင်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းМесто, где живут истории. Откройте их для себя