ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

570 76 0
                                    

Chapter 59

ဝမ်မင်ယီ၏ ပရိသတ်တွေက ဒီ့အတွက် အဆင်သင့်မပြင်ထားမိပေ။ မြေငလျင်အကြောင်း သိကြပြီးနောက်တွင် ဝမ်မင်ယီ၏ အသက်ဆုံးရှုံးမှာကို စိုးရိမ်နေကြသည်။ ဝမ်မင်ယီက သူ၏ဝေ့ပေါ်တွင် သူလုံခြုံနေသည်ဟု ပြောပြီးချိန်မှာတောင် သူတို့က သူ့ကို ဘေးကင်းလုံခြုံစွာနေဖို့ သူ့ဝေပေါ်မှာ စာချန်ဖို့ကိုပင် ကြောက်ရွံ့နေခဲ့ကြသည်။ ကြောက်ရွံ့မှုလွန်ကဲခြင်းက သူတို့အား အခြားအရာများကို ဂရုစိုက်ရန် အချိန်မရှိစေခဲ့ချေ၊၊ ထို့ကြောင့် ဝမ်မင်ယီ နောက်တစ်ကြိမ် hot search တွင်ပါလာသည့်အခါ သူတို့က သတင်းထောက်များ၏ အင်တာဗျူးဗီဒီယိုကို မြင်တွေ့လိုက်ရပြီး အနည်းငယ် ရှုပ်ထွေးသွားကြသည်။

သို့ပေမယ့် သိပ်မကြာခင်မှာပင် ဝမ်မင်ယီ၏ ပရိသတ်များက Amwayရှိ ဖြတ်သွားဖြတ်လာများကို တက်တက်ကြွကြွဖြင့် တုံ့ပြန်ခဲ့ကြသည်။

[သူက သူပါပဲ၊ ငါတို့တိတိလေးရဲ့ ပညာရေးစွမ်းဆောင်ရည်က အရမ်းကောင်းတယ်။]

မားကတ်တင်းအကောင့်များနှင့် ဖိုရမ်များက ထိုသတင်းကိုတင်ပြီး မကြာမီမှာပင် လူတိုင်းက အံ့အားသင့်သွားကာ သက်ပြင်းချမိကြသည်။

[ဒါက အရမ်းမိုက်လွန်းတယ်၊ အဲဒါက ကိုးနှစ်မသင်မနေရ ပညာရေးပဲ၊ သူ ဘယ်လိုလုပ် ဒီလိုရလဒ်မျိုးကို ချပြနိုင်ရတာလဲ"]

[ငါပထဝီကို အလကားသက်သက် သင်ခဲ့မိသလို ခံစားရတယ်]

[ငါက သတင်းအနုပညာကျောင်းသားဖြစ်ဖို့ မထိုက်တန်ပါဘူး ၊ ငါသာဆို အဲလိုပုံမှန်မဟုတ်တာကို သတိထားမိမှာမဟုတ်ဘူး]

[ဖာ့ခ်၊ နံပါတ်တစ်တွေက တကယ်ကိုမတူဘူးပဲ၊ ငါတို့က ရွှယ်ပါ့တွေရဲ့ကမ္ဘာကို နားမလည်နိုင်ပါဘူးကွာ"]

ဖျော်ဖြေရေးသတင်း၏ သတင်းထောက်က ဝမ်မင်ယီနှင့်အဆက်အသွယ်ရဖို့ ကြိုးစားခဲ့သည်။ သို့သော် ဝမ်မင်ယီက ထိုအကြောင်းကို လူသိရှင်ကြား မဖော်ပြလိုသဖြင့် ချန်လုကိုသာ ပြောခိုင်းလိုက်သည်။

["နေ့တိုင်း ကြိုးစားလေ့လာပြီး တိုးတက်အောင်လုပ်ပါ၊ မင်းတို့ရဲ့ပညာရေးတိုးတက်ပြီး သင်ယူခဲ့သမျှကို လိုက်နာကျင့်သုံးနိုင်ဖို့ ဆုတောင်းပေးပါတယ်] ဟူ၍။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now