ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

652 80 0
                                    

Chapter 19

အတန်းထဲမှာ မိန်းကလေးများကြားသည့်အခါ ခွန်းတုံ့ပြန်ကြသည်။

" နင် ရူးနေတာလား ... ဝမ်မင်ယီက ကျောင်းမှန်မှန်မတက်ရဘူးလေ ... ငါတို့ဘာသင်နေတယ်ဆိုတာ သူဘယ်သိမှာလဲ ... ဘယ်သတ်ပုံကို သွားရေးရမှာလဲ ..."

စုန့်ယွင်က စွင်းရှုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤအချိန်၌ သူထိုသို့ပြောလိုက်ခြင်းက ထူးဆန်းသည်ဟု တွေးလိုက်မိသည်။ ဝမ်မင်ယီtalentရှိုးတွင် ပါခဲ့သည်ကို ကျောင်းမှလူအားလုံးသိကြသည်။  အစပိုင်းက ကျောင်းမှန်မှန်တက်ခဲ့သော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် ခြေလှမ်းစထားသူဖြစ်၍ အတန်းချိန်အနည်းငယ်သာတက်ပြီး ကျောင်းမှပြန်သွားရသည်များလည်းရှိသည်။ ယနေ့မှသာ ကျောင်းပြန်တက်ခြင်းလည်းဖြစ်သည်။

ယခုအချိန်တွင် ထိုစကားများကို တမင်ပြောလိုက်သကဲ့သို့ပင်။

" ဝမ်မင်ယီက သေချာပေါက်ကို အခွင့်ထူးခံမဟုတ်ဘူးပေါ့ ... ဒါပေမဲ့ အရင်အတန်းချိန်ကို မတက်ထားတဲ့အတွက် သင်ခန်းစာအကြောင်းနဲ့assignmentတွေကိုမသိဘူး ... အဲ့ဒါကြောင့် ကျောက်သင်ပုန်းမှာ သတ်ပုံထွက်ရေးစရာမလိုတာ ... စွင်းရှု မင်းက အရမ်းတက်ကြွနေပုံပဲ ... ကျောက်သင်ပုန်း‌မှာ သတ်ပုံလာရေးမလား ... ဝမ်မင်ယီနဲ့ နေရာလဲလိုက်လေ ..."

အတန်းထဲမှကျောင်းသားများ ခွက်ထိုးခွက်လန် ရယ်ကုန်သည်။ မိန်းကလေးများက "နည်းတောင်နည်းသေးတယ်" ဟု တီးတိုးပြောဆိုနေကြသည်။ ထိုနောက် သူတို့စုန့်ယွင်ကို တိတ်တဆိတ်ခိုးကြည့်နေကြသည်။

ဆရာမစုန့်ယွင်က သူတို့နဲ့မတူပေမယ့် ဝမ်မင်ယီရဲ့ပရိသတ်ပဲထင်တယ် ... ဟုတ်တယ်မလား ...

စွင်းရှုက ကျောက်သင်ပုန်းတွင် သတ်ပုံထွက်ရေးရန် အခေါ်ခံလိုက်ရသော်လည်း မကြောက်လန့်နေပေ။ မတ်တပ်ရပ်ကာ ဝမ်မင်ယီကို တမင်ဆွပေးသလို ကြည့်လိုက်သည်။

" ဆရာမက ငါ့ကိုကျောက်သင်ပုန်းမှာ စာထွက်ရေးခိုင်းမှတော့ ရေးရမှာပေါ့ ... မလှုပ်ရဲတဲ့ တခြားလူတွေလို မဟုတ်ဖူးလေ ... ငါကကျောင်းကိုစာသင်ဖို့လာကာ တချို့တွေလို ကြွားဖို့သက်သက် ကျောင်းလာတက်တာမဟုတ်ဖူး ..."

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now