ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

557 66 0
                                    

Chapter 85

ဝမ်မယီသည် နောက်တစ်နေ့နံနက်တွင် အတော်  စောစောပင် အိပ်ရာထလာသည်။
  "Pet Romance" ကလည်း ထုတ်လွှင့်တော့မည် ဖြစ်သည်။  သတင်းစာရှင်းလင်းပွဲကို ယနေ့ကျင်းပရန် စီစဉ်ထားလေ သည်။ နံပါတ် သုံး အမျိုးသားဇာတ်ဆောင်တစ်ယောက်အနေဖြင့် ဝမ်မင်ယီ   က ဒီသတင်းစာရှင်းလင်းပွဲကို သဘာဝအလျောက်ပင် တက်ရောက်ရမှာဖြစ်၏။

စိတ်မပါလက်မပါဖြင့် စောင်ထဲမှ ထထိုင်ကာ  စောစောထရခြင်းကြောင့် တစ်ကိုယ်လုံး ခါးသီးမှုအပြည့်ဖြစ်နေသည့် ဝမ်မင်ယီအား ကြည့်နေရင်း စစ်ကျွင်းတောက်  မသိလိုက်ဘာသာဖြင့် ပြုံးမိသွားသည်။

ဝမ်မင်ယီက သူ့ကို အိပ်ချင်မူးတူးနဲ့ ကြည့်လာပြီး သူကပြုံးပင်ပြုံးနေသေးသည်ကို တွေ့လိုက်ရာတွင်  ဒေါသတကြီးဖြင့်
"ပြုံးနေတယ်ပေါ့...ဘာကိုပြုံးနေ...ကျွန်တော်က အရမ်းစိတ်ညစ်နေတာကို ကောက ပြုံးနိုင်သေးတယ်...ကောကအသဲနှလုံးမရှိတဲ့လူ"

"ဟုတ်တယ်... ငါ့မှာ အသဲနှလုံးမရှိဘူး...မင်းပဲရှိတယ်"
စစ်ကျွင်းတောက်က သူ၏စွပ်စွဲချက်ကို ကြည်ကြည်ဖြူ ဖြူပင် လက်ခံလိုက်၏။

ဝမ်မင်ယီသည် သူဤကဲ့သို့စကားမျိူးပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏကြာသည်အထိ သူ ဘယ်လိုပြန်ဖြေရမှန်း မသိသေးဖြစ်နေ၏။ထို့ကြောင့်  သူက တုံးတိတိ ထနှာမှုတ်လိုက်ကာ

"ကော ဒီလိုဆက်လုပ်နေရင် ...မကြာခင် ကျွန်တော့်ကို ဆုံးရှုံးရလိမ့်မယ်"

ထို့နောက် သူသည် စောင်ကိုမကာ အိပ်ရာထဲမှ နှေးကွေးလေးလံစွာ ထွက်လိုက်ပြီး မျက်နှာသွားသစ်တော့သည်။

စစ်ကျွင်းတောက်က သူမျက်လုံးမှိတ်လျက်ပင် သွားတိုက်၊ မျက်လုံးမှိတ်လျက်ပင်   မျက်နှာသစ်ပြီး  ၎င်းနောက် မျက်လုံမှိတ်လျက်ပင်   မျက်နှာကို သုတ်ဖို့ မျက်နှာသုတ်ပဝါကို ရှာနေတာကို ကြည့်နေလေ၏။  သူ့အနေဖြင့်  ဝမ်မင်ယီက အတော်လေး စွမ်းအားကြီးသည်ဟုသာ တွေးမိတော့သည်။ အစကနေအဆုံးထိ မျက်စိလုံးလုံးဖွင့်စရာမလိုသည်ပင်။

မျက်နှာသုတ်ပုဝါကို ကောက်ကိုင်ပြီး ဝမ်မင်ယီကို ဆွဲ့လှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်စေ၍ မျက်နှာလေးကို သုတ်ပေးလိုက်သည်။  ဝမ်မင်ယီကတော့ မျက်လုံးမှိတ်လျက်သားပင် သူ့အားသုတ်ခွင့်ပေးနေလေ၏။ သူ့ကြည့်ရသည်မှာ အိပ်ပျော်လုနီးနီးဖြစ်နေပုံပင်။
 
"အရမ်းအိပ်ချင်နေတာလား"
စစ်ကျွင်းတောက် အံ့ဩမိနေလေသည်။
  " ပုံမှန်ထက် တစ်နာရီလောက်ပဲ စောတာလေ"

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now