Chapter 114 (final chapter)
"တကယ်လား..."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ကျိစစ်ယောင်က ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမဲ့ သားတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဆိုပေမဲ့ အတူရှိသွားကြမယ်လို့ မထင်ထားခဲ့ဘူး.. တကယ့်ကို ကံကြမ္မာပါပဲ..."စစ်ကျွင်းတောက်က ပြုံးလိုက်ပြီး ဘာမှမပြောပေ။
"သားရဲ့ ခေါင်းကိုင်အမေကဘယ်လိုတွေးမလဲမသိဘူး...."
ကျိစစ်ယောင်က စိုးရိမ်နေသည်။"မင်မင်က သူယောက်ျားလေးတွေကိုကြိုက်တယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူးလေ... ဒါပေမဲ့ အခုသူက သားနဲ့တွဲနေပါတယ်လို့ပြောလိုက်တော့ သားရဲ့ခေါင်းကိုင်မိဘတွေက သေချာပေါက် အံ့ဩသွားကြမှာပဲ...."
စစ်ကျွင်းတောက်လည်း ထိုသို့တွေးမိလေသည်။
"ကျွန်တော်လည်း အဲ့လိုတွေးမိတယ်...."ကျိစစ်ယောင်က သူ့ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
"သားရဲ့ ခေါင်းကိုင်မိဘတွေက လက်ခံပေးပါစေလို့ပဲ ဆုတောင်းမိတယ်... ဒါဆိုရင် အတော်လေးအဆင်ပြေသွားမှာ...""ကျွန်တော်လည်း အဲ့လိုပဲဖြစ်စေချင်တယ်.... ဒါပေမဲ့ မားတောင်လက်ခံပေးနိုင်တာပဲကို သူတို့လို အနုပညာလောကဘက်က လူတွေကပိုပြီးလက်ခံနိုင်မှာပဲမလား..."
ကျိစစ်ယောင်က သေချာတွေးကြည့်သောအခါ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။
"ဒါပေမဲ့ ကျွင်းကျွင်း မားသားကိုပြောပြစရာရှိသေးတယ်... သားနဲ့ မင်မင်တို့တွဲတာကို မားဘက်က ကန့်ကွက်စရာမရှိပေမဲ့ သားတို့သာ အနာဂတ်မှာ ကိစ္စတစ်ခုခုကြောင့် လမ်းခွဲခဲ့ရင် သားတို့နှစ်ယောက်တင် ပြတ်ဆဲမှာမဟုတ်ဘဲ မားတို့မိသားစုနှစ်ခုလုံး ပြတ်စဲသွားမှာနော်.. မားပြောချင်တာနားလည်တယ်မလား...."
စစစ်ကျွင်းတောက်က နားလည်၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်သိပါတယ်... ကျွန်တော်ငယ်ငယ်ကတည်းက သူနဲ့ခွဲပြီးနေရမယ်လို့ တစ်ခါမှမတွေးဖူးဘူး... အခုရော နောင်ရော ဘယ်သောအခါမှလည်း ခွဲသွားမှာမဟုတ်ဘူး..."
![](https://img.wattpad.com/cover/344644058-288-k226949.jpg)