part 5.1
ကျန်းဇီမော့ အရိုက်ခံလိုက်ရလို့ နီရဲသွားတဲ့
သူ့လက်ကို ကြည့်လိုက်ပြီးတော့ စစ်ကျွင်းတောက်ကိုနာကျင်နေတဲ့ပုံနဲ့ ခေါင်းမော့ကာ ကြည့်လိုက်သည်။စစ်ကျွင်းတောက် မနေနိုင်ဘဲ အသံတိုးတိုးလေးနှင့်ခေါ်ကာ ပြောရန်ပြင်လိုက်သည် ။"မင်မင်..."
ဝမ်မင်ယီထေ့ငေါ့ကာ နှာမှုတ်လိုက်သည်။
ဒါက လူကောင်းပုံနဲ့သနားစရာကောင်းတဲ့နစ်နာသူပုံလေးဖမ်းရုံပဲမဟုတ်လား...ဟွန့် ဘယ်သူမဆို ဘယ်လိုလုပ်ရမလဲဆိုတာကို သိတယ်...
သူ စစ်ကျွင်းတောက်ကို ညိုးငယ်နေတဲ့မျက်နှာတွန်ချိုးနေတဲ့မျက်ခုံးတွေနဲ့ လှည့်ကြည့်ပြီးအသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။
"ကော..."
စစ်ကျွင်းတောက်အသံတိတ်ဆိတ်စွာသာ နေလိုက်တော့သည်။ဝမ်မင်ယီ ရှားရှားပါးပါး သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်ပြဖို့ အခွင့်အရေးရသွားခဲ့သည်။သူသနားစရာအသံလေးနဲ့ တိုင်ကာပြောလိုက်သည်
"သူအခုနက အစ်ကို့ရဲ့ရုံးခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ခဲ့တယ်လေ...ကျွန်တော်က သူ့ကိုထွက်သွားဖို့ပြောတာကို သူကကျွန်တော့်ကိုပြန်တောင် ဆူသွားသေးတယ်..."
"ငါ မင်းကို ဘယ်မှာဆူလို့လဲ..."
ကျန်းဇီမော့ကချက်ချင်းကြားဖြတ်ပြောလိုက်သည်။
"ခင်ဗျားကို ကျွန်တော်ထွက်သွားခိုင်းတော့ခင်ဗျားထွက်သွားဖို့ငြင်းတုန်းကလေ...ကျွန်တော့်မှာပြောပိုင်ခွင့်မရှိဘူးလို့တောင်ခင်ဗျားပြောခဲ့သေးတယ်..."
"မင်းမှာ ပြောပိုင်ခွင့်မရှိတာ အမှန်ပဲလေ...ဒါက ကျွင်းတောက်ရဲ့ရုံးခန်း မင်းအပိုင်မှမဟုတ်တာ..."
ဝမ်မင်ယီ စစ်ကျွင်းတောက်ဘက်ကိုလှည့်ပြီးတော့မျက်ရည်ရွှန်းနေတဲ့သနားစရာမျက်လုံးအပြူးသားလေးတွေနဲ့ မေးလိုက်သည်။
"အစ်ကိုမရှိတဲ့အချိန် အစ်ကို့ရုံးခန်းထဲကို ဝင်လာတဲ့သူကို ကျွန်တော့်မှာ သူတို့ကို ထွက်သွားဖို့လေးတောင် ပြောပိုင်ခွင့် မရှိဘူးလား..."
![](https://img.wattpad.com/cover/344644058-288-k226949.jpg)