Chapter 58
စုန့်ဟယ် :( ကြက်...)
ဝမ်မင်ယီ : ('မူလတန်းကြက် )
[အသိဥာဏ်နိမ့်တာကိုပြောချင်တာပါ]စုန့်ဟယ် : "..."
လူတွေနှင့် ကြက်တွေကြားမှာ အမှန်တကယ် ဘယ်လိုရလဒ်မှ ရှိမလာနိုင်ပေမယ့် ကြက်နှင့်ကြက်ကြားမှာတော့ ရလဒ်ကောင်းတွေ ထွက်လာပေလိမ့်မည်။ မူလတန်းကြက်နှင့် မူလတန်းကြက်။ ပြီးပြည့်စုံသည့် ပြိုင်ပွဲတစ်ခုပင်။
စုန့်ဟယ်သက်ပြင်းချလိုက်သည်။ မူလတန်းကြက်နှစ်ကောင်ကြားက ရှုပ်ထွေးပွေလီနေတဲ့ခံစားချက်တွေကြောင့် သူ့နှလုံးသားလေးပင် ငြီးငွေ့လာသည်။
ဝမ်မင်ယီ : ('စကားမစပ် မင်းအခု တရုတ်ပြည်မှာရှိသေးလား')
စုန့်ဟယ် :( 'အမ်း၊ ဘာဖြစ်လို့လဲ')
ဝမ်မင်ယီ : ('ဘာမှမဖြစ်ပါဘူး')
အဲဒါက သူ့အရင်ဘဝနှင့် မတူဘူးဟူ၍ ဝမ်မင်ယီ တွေးမိသည်။ ဤအချိန်တွင် သူတို့ ပြည်ပမှာရှိနေသင့်သည့်တိုင် ယခုဘဝတွင်မူ အိမ်၌သာရှိနေကြသည်။ သူပြန်လည်မွေးဖွားလာသည့်နေ့ကစ၍ အကြောင်းအရာ တော်တော်များများက တကယ်ကို ကွဲပြားသွားခဲ့သည်။
စစ်ကျွင်းတောက် ရေချိုးပြီးထွက်လာချိန်တွင် ကုတင်ပေါ်၌ တောင်ပေါ်လင်းယုန်တစ်ကောင်ပမာ ထိုင်နေသည့် ဝမ်မင်ယီက လကိုကြည့်ရင်းဖြင့် သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။
"ဘာများဖြစ်လို့လဲ"
သူ ဝမ်မင်ယီကို မေးလိုက်သည်။
ဝမ်မင်ယီက ဘဝအကြောင်းကို တွေးနေဆဲဖြစ်သည်။ သူထွက်လာတာကိုမြင်သောအခါ ဝမ်မင်ယီက သူ့အပေါ်ကို လှိမ့်လာပြီး အိပ်ဖို့ပြင်တော့သည်။ စစ်ကျွင်းတောက်က သူက ငလျင်ရဲ့အကျိုးသက်ရောက်မှုတွေကို ခံစားနေရတုန်းပဲဟူ၍ တွေးလိုက်မိတာကြောင့် ဆက်မမေးတော့ဘဲ ခေါင်းကိုသာပွတ်သပ်ပေးလိုက်ရင်း သူ့လက်နှစ်ဖက်ကို ကိုင်ကာ အိပ်ပျော်သွားတော့သည်။
နောက်နေ့မနက် ၈ နာရီမှာ ချန်လုက ဝမ်မင်ယီထံ စာပို့ပြီး နိုးပြီလားဟု မေးလာသည်။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)