ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

561 76 0
                                    

Chapter 107

ဆေးရုံမှ ပြန်လာပြီးနောက် သူတို့နှစ်ယောက်၏ရင်ထဲတွင် လေးလံနေခဲ့သည်။ ဝမ်မင်ယီကလည်း အတိတ်ဘဝမှစစ်ကျွင်းတောက်ကိုသာ စဉ်းစားနေမိပြီး စစ်ကျွင်းတောက်ကလည်း ဝမ်မင်ယီအပေါ်တွင် ထိုသို့သောကိစ္စမျိုးဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။

ထိုသို့သော စိတ်ခံစားချက်များ၏လွှမ်းမိုးမှုအောက်ကြောင့် ညဘက်အိပ်ရာဝင်သည့်အခါ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်တင်းကြပ်စွာ ဖက်ထားမိပြီး  ပြင်းရှသည့်အနမ်းများ ပေးနေမိကြသည်။ စစ်ကျွင်းတောက်က သူ့ခန္ဓာကိုယ်ကိုဖက်၍ အနမ်းများခြွေနေပြီး တစ်ချိန်တည်းမှာပင် လက်များကိုလည်း လှုပ်ရှားနေမိသည်။ ပထမဆုံးအကြိမ်အဖြစ် သူ လုံလောက်မှုမရှိဟု ခံစားလာရသည်။ သူ ဝမ်မင်ယီကို အမှန်တကယ်ပိုင်ဆိုင်ချင်သည်။ ဝမ်မင်ယီနှင့် တစ်သားတည်းဖြစ်လိုပြီး သူ့ရင်ခွင်ထဲ၌ပင် ဝမ်မင်ယီကို ချုပ်နှောင်ထားချင်သည်အထိ သူ့ကိုအပြည့်အဝပိုင်ဆိုင်လိုသည်။

သူ၏အနမ်းများ ပိုပြင်းထန်လာပြီး ဝမ်မင်ယီ၏ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုပြီးတစ်ခု ချန်ထားမိသည်။

ခဏအကြာတွင် စစ်ကျွင်းတောက်က မီးဖွင့်ကြည့်လိုက်သည့်အခါ ဝမ်မင်ယီ၏ ပခုံးနှင့် လည်ပင်းတို့တွင် အနီရောင် အမှတ်အသားများကို မြင်လိုက်ရသည်။

" အရမ်းနာသွားလား ..."
စစ်ကျွင်းတောက်က သူ့ပခုံးပေါ်မှ အမှတ်အသားတစ်ခုကိုထိလိုက်သည်။

ဝမ်မင်ယီက ခေါင်းခါပြီး သူ့ရင်ခွင်ထဲကိုမှီကာ ပြောလိုက်သည်။
" မနာပါဘူး ..."

စစ်ကျွင်းတောက် မလုံမလဲဖြစ်သွားမိသည်။
" ကိုယ် ဒီနေ့ အရမ်းစိတ်လှုပ်ရှားနေလို့ပါ ... နောက်တစ်ခါဆို အာရုံစိုက်ပါ့မယ် ..."

ဝမ်မင်ယီ ခေါင်းမော့ပြီး သူ့မေးစေ့ကို နမ်းလိုက်ကာ မေးလ်ုက်သည်။
" ဘာကို အာရုံစိုက်မလို့လဲ ... အမှတ်အသားတွေ မချန်ထားဖို့လား ..."

စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းကို မလိုအပ်ဟု ဝမ်မင်ယီထင်လိုက်မိသည်။
" ကျွန်တော်အခု လောလောဆယ် ရိုက်ကူးရေးလုပ်နေတာမှ မဟုတ်တာ တခြားလူတွေ မမြင်နိုင်ပါဘူး ရပါတယ် ..."

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now