ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

593 80 0
                                    

Chapter 43

ဝမ်မင်ယီက သူ့ဖုန်းကို ထုတ်လိုက်ပြီး အသံဖိုင်ကိုရှာ၍စစ်ကျွင်းတောက်ကို နားထောင်စေ သည် ။

"ဒီနေ့မနက်..ရှုကျင်းကျဲကျွန်တော်ဆီလာပြီး ပြောသွားခဲ့တာ...သူကကော သူ့ကို ပြဿနာရှာမှာကြောက်ပြီး ဝမ်ပေါ်ကိုရောင်းစားလိုက်တာလေ... ဝမ်ပေါ်ခိုင်းလို့သာ သူ အဲဒါတွေကို လုပ်ခဲ့ရတာပါတဲ့..အဲ့ဒါနဲ့ပဲ သူအတိတ်တွေကို သင်ပုန်းချေလိုက်ပြီမို့..ကော သူ့ကိုခက်ခဲအောင်မလုပ်တော့နဲ့နော်...”

စစ်ကျွင်းတောက်က  နှုတ်ဆိတ်နေခဲ့၏။ ဝမ်မင်ယီ  နှင့် ရှုကျင်းကျဲတို့ပြောထားသည့်   အသံဖိုင်ကိုကြားပြီးချိန်တွင် သူ့အကြည့်များက အေးစက်လာခဲ့သည်။

“ကောင်းပြီ၊” စစ်ကျွင်းတောက်က  ပြန်ဖြေသည်။ “ဒါကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်..ဒါနဲ့ပတ်သတ်ပြီးစိတ်ပူမနေနဲ့တော့....”

ဝမ်မင်ယီက  ဒါကို ကိုင်တွယ်ဖို့ မူလကတည်းကပင် မစီစဉ်ထားတာကြောင့် ခေါင်းညိတ်ပြီး ဖုန်းကို သိမ်းလိုက်သည် ။

"ပြီးတော့  ရှုကျင်းကျဲကို ကျွန်တော်ကတိပေးထားတာရှိလို့ သူလုပ်ခဲ့တာတွေပတ်သတ်ပြီး ဝမ်ပေါ်ကို မပြောမိစေနဲ့နော်... ကော...ကျွန်တော် စကားမတည်တဲ့လူမဖြစ်ချင်ဘူး.."

“ကောင်းပါပြီဗျာ၊”
စစ်ကျွင်းတောက်က  သဘောတူလိုက်သည်။

ဝမ်မင်ယီ  ဝမ်ပေါ် ရဲ့ကိစ္စကို ပြောပြီးသွားချိန်တွင် ရှစ်နာရီထိုးနေသည်ကို တွေ့လိုက်ရ၏။သူလည်း အဝတ်အစားလဲပြီး ရေချိုးလိုက်သည်။  စစ်ကျွင်းတောက်သည် ခုံပေါ်တွင် ခဏထိုင်ပြီးမှဝမ်ပေါ်နဲ့ကျန်းဇီမော့ ဆီသို့  WeChat မက်ဆေ့ခ်ျတစ်စောင်စီ ပို့လိုက်ပြီး မနက်ဖြန် နေ့လည်တွင် တွေ့လို့ရမလားဟု မေးလိုက်သည်။

ကျန်းဇီမော့က အလွန်ပင်အံ့သြသွားပြီး စာပြန်လိုက်သည်— ဘာကိစ္စရှိလို့လဲ

စစ်ကျွင်းတောက်က သူ့မေးခွန်းကို မဖြေဘဲ— မနက်ဖြန်နေ့လည်ကျရင် မင်းသိမှာပါ—ဟုပဲ ပြောလိုက်၏။

ဝမ်ပေါ်သည် ဘာအကြောင်းပြချက်မှရှိပါဘဲနှင့် ဝမ်မင်ယီ ကို အရှက်ခွဲခိုင်းထားသည့်လူကို ရုတ်တရက် ရှာမတွေ့တော့ပေ။ သူကျန်းဇီမော့ နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပြီးသည့်နောက်တွင်မှ ဒီလူကပျောက်ကွယ်သွားဖို့ရွေးချယ်ခဲ့သည်။ ဤသည်က တိုက်ဆိုင်လွန်းနေသည်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now