Chapter 83
ဝမ်မင်ယီက ကုတင်ပေါ်ထိုင်နေလေ သည်။
ဝမ်ဝေ့ သူ့ဆီသို့သွား၍ သူ့ဘေးမှာ ဝင်ထိုင်လိုက်၏။
ဝမ်မင်ယီကိုကြည့်လိုက်ရင်း သူမအားတင်း၍ပြုံးကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။
"ပေါင်ပေ့ရေ... ဒီလိုလုပ်တာက မားတို့အတွက်အဆင်ပြေရဲ့လား...နောက်ကျ မားရိုက်ကူးရေးတစ်ခုပြီးတာနဲ့...မင်းဆီပြန်လာပြီး အချိန်တစ်ခုလောက်အဖော်ပြုပေးမယ်လေ...လတိုင်းလည်း မင်းဆီဖုန်းခေါ်ဖို့ အချိန်ပေးမယ်... မင်းနဲ့ တတ်နိုင်သမျှ များများအဆက်အသွယ်လုပ်မယ်လေနော်...အိုခေ..."
ထို့နောက်သူမ ရှက်ရွံ့စွာဖြင့်လက်သီးများကို တင်းတင်းဆုပ်ကာ နှုးညံ့သည့်လေသံဖြင့်ဆိုလိုက်၏။
"အရင်က မင်းအဖေနဲ့ ငါက အဲဒါကို ကောင်းကောင်းမတွေးတတ်ခဲ့လို့ပါ... မားတို့အပြစ်ပါပဲ....လွန်ခဲ့တဲ့နှစ်တွေတုန်းက မားထင်ခဲ့တာ....မင်းက အရွယ်ရောက်နေပြီးတော့ မင်းမှာ မင်းရဲ့ကောရော တခြားသူငယ်ချင်းတွေရောရှိတယ်ဆိုပြီးတော့လေ... မားတို့အနားမှာရှိတာမရှိတာကို မင်းကဂရုမစိုက်ပုံမရတော့... မင်း မားတို့ကို တကယ်မလိုအပ်တော့ဘူးထင်ခဲ့တာ...မား....."
"မား တောင်းပန်ပါတယ်... "
သူမက ဆက်ပြောလိုက်သည်။
"မားမကောင်းခဲ့ဘူး... အမေတစ်ယောက် လုပ်သင့်တဲ့ဟာကို မားမလုပ်ခဲ့မိဘူး...နောက်နောင်ကျ မားကို ပြုပြင်ခွင့်ပေးမလားဟင်..."
ဝမ်မင်ယီ၏ လည်ချောင်းထဲတွင် အနည်ငယ်ချဉ်တူးသွား၏။ သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ပြီး သူ့ခံစားချက်တွေကို ထုတ်ဖော်ဖို့ ကြိုးစားလိုက်သည်။
"မားကို ကျွန်တော့်အနားမှာ တစ်ချိန်လုံး မနေစေချင်ပါဘူး...သေချာပေါက်ကို မားအပြင်မှာ အလုပ်ကြိုးစားခဲ့တာ ကြောင့် ကျွန်တော်ကောင်းကောင်းကြီးပြင်းလာနိုင်ပြီး ကျွန်တော်လုပ်ချင်ရာလုပ်နိုင်ခဲ့တာမှန်း သိပါတယ်...
ကျွန်တော် ဘယ်တုန်းကမှ ပိုက်ဆံနဲ့ပတ်သတ်လို့ စိတ်ပူစရာမလိုခဲ့ဘူး..."
![](https://img.wattpad.com/cover/344644058-288-k226949.jpg)