ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

609 74 0
                                    

Chapter 50

တခြားတစ်ဖက်တွင် ဝမ်မင်ယီတက်ခဲ့သည့်အထက်တန်းကျောင်းကလည်း အချိန်အတော်ကြာကတည်းက တင်ထားခဲ့သည့်  ပို့စ့်တစ်ခုကိုပြန်ပြီးshareခဲ့သည်—

[ကြည့်ပါဦး၊ ကျောင်းသားဝမ်မင်ယီရေ ဆက်ပြီးကြိုးစားပါ! //@X City First Middle School V: ရမှတ်731မှတ်ဖြင့် ယခုနှစ်၏ သတင်းအနုပညာမေဂျာ အတွက်ဝင်ခွင့်အမှတ်အများဆုံးသူဖြစ်လာသည့် ကျောင်းသားဝမ်မင်ယီအား လှိုက်လှိုက်လှဲလှဲဖြင့် ဂုဏ်ပြုပါသည်။ ဂုဏ်ယူပါတယ် ဝမ်မင်ယီရေ ၊
သူ၏အတန်းဖော်များသည်လည်းကျောင်းသားဝမ်မင်ယီထံမှ သင်ယူနိုင်စေဖို့မျော်လင့်ပါတယ်!]

ဝမ်မင်ယီ၏ ဖန်များကလည်း ထိုပုံနှစ်ပုံကိုအလျင်အမြန်ပင် screenshot ရိုက်ကြပြီး ဖိုရမ်တွင်တင်လိုက်ကြကာ black fanများကိုအစွန်းအဖျားထိတွန်းထုတ်လိုက်ကြသည်—သူတို့  မှာဘာပြောစရာများကျန်သေးလဲ..ကဲ!

[နင်တို့မလုပ်နိုင်တာနဲ့ပဲ တခြားသူတွေက မလုပ်နိုင်ဘူးလိုထင်နေတာလား။ ဇွန်လကတည်းက တရားဝင်ဘလော့ဂ်ကနေ ဝမ်မင်ယီကို ဒီနှစ် ဝိဇ္ဇာတန်းရဲ့ အမှတ်အမြင့်ဆုံးသူဖြစ်လို့ ဂုဏ်ပြုဖို့အတွက် တင်ထားခဲ့တာ၊ နာမည်သိမ်မကြီးမသွားတဲ့အတွက် လူအများကြီးကသိမထားမိခဲ့တာ။ ဘာလဲ၊ အမှတ်၁ အထက်တန်းကျောင်းကရော လိမ်ညာထုတ်ကြွားနေပြီးတော့  သူတို့မှာထူးချွန်ကျောင်းသားရှိတယ်လို့ စိတ်ကူးယဉ်နေတာပေါ့ဟုတ်လား]

[တိတိက အရမ်းကိုထူးချွန်တာပဲ။ ကောလိပ်ဝင်ခွင့်ပထမဖြစ်တဲ့အပြင် ပြိုင်မှာလည်းပထမ၊အခုလည်း စာမေးပွဲမှာ ပထမရပြန်ပြီ။ ငါ့တော့ တစ်ချို့ လူတွေ ဒေါသအထွက်လွန်ပြီးသေကုန်တော့မယ်ထင်တယ်။ ဒါပေမဲ့ငါအရမ်းပျော်တယ် ဟား..ဟား..ဟား"]

[ငါက ဖန်ဖြစ်ဖို့တောင်မထိုက်တန်ဘူး!ကမ္ဘာပေါ်မှာဒီလိုဖန်မျိူးတွေက  ထူးချွန်တဲ့idolတစ်ယောက်ဘယ်လိုလုပ်ရှိနိုင်မှာလဲ ။ ငါ့အမှတ်တွေက တိတိကို အရှက်ရစေတယ်!]

[ဒီနေ့ကနေစပြီး ငါကြိုးကြိုးစားစား စာလေ့လာမှရမယ်။ မဟုတ်ရင် ငါ့အမှတ်တွေက တိတိကို အရှက်ခွဲနေသလိုဖြစ်လိမ့်မယ် ဟား..ဟား..ဟား]

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now