Chapter 76
စစ်ကျွင်းတောက် တစ်နေတာလုံးစိတ်ကောင်းဝင်နေတော့သည်။
ချန်ပင်းက အစီအရင်ခံစာတင်ပြီးသည့်နှင့် မနေနိုင်စွာဖြင့် လင်းမူကိုမေးလိုက်၏။
"ဥက္ကဌစစ်က ဒီနေ့ အတော်လေးပျော်နေတာလား
။ငါ့ကိုစကားပြောတာက ပုံမှန်ထက်ပိုပြီးညင်သာနေတယ်"လင်းမူက တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။
"ဥက္ကဌ စစ်ရဲ့အလုပ်စားပွဲပေါ်က နှင်းဆီပန်းတွေကို မြင်ခဲ့လား"
"မြင်တယ်လေ...ဘယ်သူပို့တာလဲ "
"အနာဂါတ်ဘော့စ်ဇနီးနေမှာပေါ့"
လင်းမူကသူ့ကိုကြည့်ကာ "မဟုတ်ရင်...သူတစ်ခြားသူတွေဆီကပန်းတွေလက်ခံတာမင်းမြင်ဖူးလို့လား...ထူးထူးခြားခြားလည်း ဝင်စွက်ဖက်လိုက်သေးတယ်...ဒီလိုဆက်ဆံမှုမျိူးက ဒီတစ်တစ်ခါပဲရှိတယ်"
ချန်ပင်းက နားလည်သွား၏။
"သူဒီနေ့ စိတ်ကောင်းဝင်နေတာမထူးဆန်းတော့ဘူး...နှင်းဆီပန်းတွေကြောင့်ပဲ...ဒါဆိုငါတော့ အနာဂါတ်ဘော့စ်ဇနီးက ငါတို့ဘော့စ်ဆီပန်းတွေမကြာကြာပို့ပေးပါစေလို့ ဆုတောင်းတယ်..."
လင်းမူကလည်းပြုံးကာ ဆိုလာသည်။
"ငါရောပဲ"နွေဦးပွဲတော်က ပြီးဆုံးသွားပြီဖြစ်ပြီး စုန့်ရှုဟန်သည် စစ်အိမ်တော်တွင် ရက်ပေါင်းများစွာနေခဲ့ပြီးဖြစ်ကာ သူမ၏အစီအစဉ်ထဲရှိ ခရီးသွားဆွဲဆောင်မှုတွေက ကုန်လုနီးပါးဖြစ်နေလေပြီ။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ ညစာစားစားနေစဉ် သူမထိုအကြောင်းပြောပြသည်ကို ကြားရချိန်တွင် အံ့အားသင့်သွားကြသည်။
"ဘာလို့ သမီးကထွက်သွားဖို့ စိတ်လောနေရတာလဲ"
ကျီစစ်ယောင် မေးလိုက်သည်။
"ဒီနေရာကိုလာဖို့ သမီးအတွက်မလွယ်ဘူးလေ...
ရက်နည်းနည်းလောက်ထပ်လည်ပတ်ပါဦးလား""သမီး အကုန်လည်လို့ပြီးလုနီးပါးဖြစ်နေပြီ...ပြီးတော့ တခြားလုပ်စရာတွေလည်းရှိသေးလို့...သမီးပြန်မသွားဘူးဆိုရင် ကြန့်ကြာကုန်တော့မှာ.... ဒါပေမဲ့မပူပါနဲ့ အန်တီ...နောက်ကျ သမီးအချိန်ရတာနဲ့ ဒီကိုထပ်လာလည်မှာပါ"
![](https://img.wattpad.com/cover/344644058-288-k226949.jpg)