Chapter - 40
စစ်ကျွင်းတောက် ပို၍ စိတ်ရှုပ်သွားပြီး ...
"အဲ့ဒီလိုမျိုးလား ၊ မင်း အဲ့ဒီလိုမျိုးကို ကြိုက်တာလား... "ဝမ်မင်ယီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
" အဲ့ဒါက အရမ်းကောင်းတယ်၊ သူ့လိုလူမျိုးက ပေါင်းသင်းရလွယ်တယ်လေ "စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် က သူ့သင်ကြားမှု ဘယ်နား လွဲမှားသွားလဲ စဉ်းစားနေမိသည်။ ဝမ်မင်ယီရဲ့ အလှပရေးရာကို သူ နားလည်မှု လွဲအောင် ဘယ်ဟာက လုပ်လိုက်တာလဲ ၊ မဟုတ်သေးပါဘူး ၊ သူ့သင်ကြားမှုက မှန်ပါတယ်၊ ဝမ်မင်ယီက သူ ထွက်သွားတဲ့ သုံးနှစ် အတွင်းမှာ အမှားလုပ်မိတာ ဖြစ်လိမ့်မယ် ။ ဒီကလေးက သူ့မျက်စိအောက်မှာပဲ ကြီးပြင်းလာသင့်တယ် ဆိုတာ သူသိခဲ့သည်။ မဟုတ်သေးဘူး၊တကယ်လို့ သူနည်းနည်းလောက် ဂရုမစိုက်လိုက်တာနဲ့ အဲ့ဒါက မှားသွားလိမ့်မယ် ၊ အကြီးအကျယ် မှားသွားလိမ့်မယ်။
ဟိုတယ် ပြန်တဲ့ လမ်း တစ်လျှောက်လုံး...
ဝမ်မင်ယီ နှင့် မုကျိအန်းက အလွန် ပျော်ရွှင်နေကြသည်။ စစ်ကျွင်းတောက် သူတို့နှစ်ယောက်ကို ကြည့်ပြီး တွေးမိတာက သူက ဝမ်မင်ယီရဲ့ အစ်ကိုပုံစံနဲ့ မတူပဲ မုကျိအန်းက ဝမ်မင်ယီရဲ့ အစ်ကိုပုံစံနဲ့ ပိုတူနေခဲ့သည်။မုကျိအန်း ဟိုတယ်မှာ အခန်းယူဖို့ လင်းမူက ကူညီပေးခဲ့ပြီး စစ်ကျွင်းတောက်၏ ဘေးက အခန်းဖြစ်သည်။ အခန်းသို့ သွားရာ လမ်းတစ်လျှောက်လုံး မုကျိအန်းသည် ဝမ်မင်ယီနှင့်စကားပြောကာရယ်မောနေခဲ့သည်။ ထို့နောက် သူမရယ်နိုင်တော့ပေ။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်သည် သူ့ဘေးက အခန်းထဲသို့ ဝင်သွားသောကြောင့်ဖြစ်သည်။
မုကျိအန်းလဲ အခန်းထဲသို့ အတင်းဝင်လိုက်သည်။ စစ်ကျွင်းတောက် က နားမလည်နိုင်ခဲ့ပေ။
"မင်း က ဒီမှာ ဘာလုပ်နေတာလဲ..."
မုကျိအန်း က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
" မင်း က ဒီမှာ ဘာလုပ်နေတာလဲ... "
" ဒါ ငါ့ အခန်းလေ "
သူက ဝမ်မင်ယီကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါဆို မင်းတို့ ပြောစရာရှိနေလို့လား..."
![](https://img.wattpad.com/cover/344644058-288-k226949.jpg)