Chapter 63
စုန့်ရှုဟန် အနည်းငယ်ရှက်ရွံ့သွားရသည်။ ကျိစစ်ယောင်မှာ အနားမှာနေရင်း အဆင်ပြေအောင် စကားပြောရုံမျှအပ ရွေးချယ်စရာမရှိခဲ့ချေ။
"သူ့စရိုက်က နည်းနည်းလေးနက်ပြီး စကားပြတ်ပြတ်ပြောတတ်လို့ပါ၊ ဟန်ဟန် ဘာမှစိတ်မပူနဲ့"
စုန့်ရှုဟန်က အင်းဟုဆိုရင်း ရယ်လိုက်သည်။
"ရပါတယ် ၊ ကျွန်မလည်းစိတ်ထဲမထားပါဘူး"
အဲ့ဒာက နည်းနည်းလောက် ရှက်စရာကောင်းသွားရုံပါပဲ။ စုန့်ရှုဟန် သူမစိတ်ထဲက တိတ်တိတ်လေးပြောလိုက်သည်။
စစ်ကျွင်းတောက်က စကားအများကြီးမပြောခဲ့ချေ။ သူကလူတိုင်းကားထဲရောက်တာတွေ့နာနှင့် ကားကိုစထွက်လိုက်သည်။
သူတို့သုံးယောက်သား ညစာစားဖို့အတွက် ဟိုတယ်လ်ကိုသွားခဲ့ကြသည်။
စုန့်ရှုဟန်က သူမ၏ ခရီးဆောင်အိတ်ကို ချရန် အလျင်စလို မလုပ်ခဲ့ပေ။ သူမက ခဏတာ ဆော့ကစားချင်တာကြောင့် ကျိစစ်ယောင်နှင့်စစ်ကျွင်းတောက်တို့က သူမနှင့်အနူ လမ်းလျှောက်ထွက်ခဲ့ကြသည်။
ဝမ်မင်ယီသည်လည်း ယနေ့တွင် စစ်မိသားစုအိမ်တွင်မနေဘဲ သူ့ကိုယ်ပိုင်အိမ်၌ ရှိနေခဲ့သည်။ သူက ပြတင်းပေါက်ဘေးတွင်ထိုက်ကာ လုယွင်ဖေးအပါအဝင် အခြားလူများနှင့်စကားပြောရင်း ရှုခင်းကိုကြည့်နေခဲ့သည်။
"အပြင်သွားကြမလား"
လီယွမ်ချင်းကမေးလာသည်။
"ငါအရမ်းပျင်းနေလို့ ဘိလိယက်သွားကစားကြမလား"
ဝမ်မင်ယီလည်းလုပ်စရာမရှိသဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
လုယွင်ဖေးတွင် မည်သည့်ထင်မြင်ချက်မှမရှိချေ။ သူက ပြောသည်။
"ငါဒီနေ့သူနဲ့နေပေးမယ်လို့ပြောထားတယ်၊ ဒါကြောင့် သူ့ကိုသွားကြိုရမယ်"
သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက် သိကြသဖြင့် ဝမ်မင်ယီနှင့် လီယွမ်ချင်းက ဆန့်ကျင်ခြင်းမရှိခဲ့ပေ။
ဝမ်မင်ယီက အဝတ်အစားလဲလိုက်ကာ ဝမ်ဝေ့ကိုပြောပြီးထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)