ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

541 59 0
                                    

Chapter 69

ထိုစကားလေးက  စစ်ကျွင်းတောက်၏မျော်လင့်ချက်ထက်ပင်ကျော်လွန်နေခဲ့ပေပြီ။ တစ်နေ့တွင် ဝမ်မင်ယီကသူ့ကိုဤသို့ပြောလာမည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။  သူ၏ရှေ့တွင်ရှိနေသော မျက်လုံးများနီရဲနေသည့် ကောင်ငယ်လေးကို ကူရာမဲ့ဟန်ဖြင့် ကြည့်လိုက်ကာ သက်ပြင်းတစ်ချက်ချရင်း  သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"ဘာလို့ငိုနေရတာလဲ..အသက်ကဘယ်လောက်တောင်ရှိနေပြီလဲ။ခုထိ ငိုနေတုန်းပဲ"

ဝမ်မင်ယီသည် မသိလိုက်ဘာသာဖြင့် သူ၏ခေါင်းလေးကို ငုံ့ကာ စစ်ကျွင်းတောက် ၏
ပေါင်ပေါ်တွင်မှီ၍ ငြိမ်သက်စွာအနားယူနေခဲ့သည်မှာ ကောင်းကောင်းပြုမူတတ်ပြီး နာခံမှုရှိသည့် သားကောင်ငယ်လေးကဲ့သို့ပင်။

သူသည် လွန်ခဲ့သည့်သုံးနှစ်တာကာလသည် စစ်ကျွင်းတောက်အတွက် အမာရွတ်တစ်ခုဖြစ်နေခဲ့ကြောင်း အမြဲလိုလိုသိနေခဲ့ပါ၏။ စစ်ကျွင်းတောက်က ထိုသည်ကို ဘယ်တုန်းကမျှအပြစ်မတင်ခဲ့ခြင်းသာဖြစ်ကာ ဘာတစ်ခွန်းမျှဆိုခဲ့ခြင်းလည်းမရှိပါချေ။ သူ၊ ဝမ်မင်ယီ သည်လည်း ထိုအကြောင်းကိုမစဉ်းစားချင်သော ကြောင့် နှစ်ယောက်သား နောက်စာတစ်မျက်နှာကိုသာ
လှန်ပစ်ခဲ့ကြသည်။

သို့သော်လည်း သူမမြင်နိုင်သည့်တစ်နေရာတွင်မူ
စစ်ကျွင်းတောက်မည်သို့ မည်ပုံနေခဲ့ရပါလိမ့်..။
စိတ်ဆိုးဒေါသထွက်ပြီး အကူအညီမဲ့ကာ ကျန်ခဲ့လေတိုင်း စစ်ကျွင်းတောက် မည်သို့များ ခံစားခဲ့ရပါလိမ့်..။

ဝမ်မင်ယီထိုအကြောင်းကို မတွေးခဲ့သည်မဟုတ်ပါပဲ မတွေးရဲခဲ့သည်သာဖြစ်၏။ ထိုစဉ်က သူပြောခဲ့၊လုပ်ခဲ့သည်များကို ပြန်မစဉ်းစားရဲခဲ့သည်ပင်။ ယခုသည် ပထမဆုံးအကြိမ် သူဘယ်လိုခံစားခဲ့ရကြောင်း စစ်ကျွင်းတောက်က
သူ့ကိုပြောပြခဲ့ခြင်းဖြစ်ကာ ဝမ်မင်ယီ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူကိုယ်တိုင်အတွက် မဟုတ်ပါဘဲ စစ်ကျွင်းတောက်အတွက်ပင်။

သူ စစ်ကျွင်းတောက်၏ဒူးပေါ်တွင် လဲပြိုကာ တိတ်တဆိတ်ငိုကြွေးနေရင်း သူ့နှလုံးသားထဲတွင်ကား အပြစ်ရှိစိတ်များနှင့်နောင်တ တရားတို့ဖြင့်ပြည့်နှက်နေခဲ့ပါ၏။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now