ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

614 76 0
                                    

Chapter 45

ရှုကျင်းကျဲသည် ဝမ်ပေါ် ၏ဖုန်းခေါ်ဆိုမှုကို မကြာမီလက်ခံရမည်ဟု ထင်ခဲ့သော်လည်း မရရှိခဲ့ပေ။ သူစိတ်မသက်မသာဖြစ်သည်အထိပင် ရက်အတော်ကြာအောင် စောင့်ရသောကြောင့် ဝမ်မင်ယီကို သွားရှာတော့ သည်။

သူဘာကြောင့် ပေါ်လာသလဲဆိုပြီး ဝမ်မင်းယီ ပဟေ  ဠိဖြစ်မိသည်။ တစ်ဖက်သားပြောသည်ကို နားထောင်ပြီးနောက် သူက ပြုံးပြီး...
“သူကအခုတော်တော်လေး ပူလောင်နေပြီ၊ မင်းကို ရှာဖို့ အချိန်မရှိဘူး...”

ထိုစကားကိုကြားသောအခါ ရှုကျင်းကျဲ  သည်ထိုဖြစ်ရပ်၏  နောက်ကွယ်တွင် ဝမ်မင်ယီ၏အကိုရှိနေမည်ဖြစ်ကြောင်း  နားလည်သွားခဲ့သည်။

သူ မှန်းဆထားသည်ကား မှန်နေပုံပင်။စစ်, မျိုးရိုးသည်အမှန်တကယ်ပင် ဝမ်ပေါ်ကို ကျရှုံးအောင်လုပ်နိုင်စွမ်း ရှိနေသည်။ ဝမ်မင်ယီ သည် စစ် မိသားစုနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်။ ဝမ်မင်ယီ တွင် ထိုသို့သော ပင်ကိုယ်စရိုက်ရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ဤသို့သော ကျောထောက်နောက်ခံနှင့် သူဘာကိုမျှကြောက်နေစရာ မလိုပါချေ ။

"ငါနားလည်ပြီ.. ကျေးဇူးတင်ပါတယ်…"

ဝမ်မင်ယီက သူ့ကို လက်ယမ်းပြကာ နှုတ်ဆက်လိုက်သည်။ " ဘိုင့်...ဘိုင် ရှုကော"

ကျန်းဇီမော့ သည် အလုပ်ထုတ်ခံရပြီး ၎င်း၏ အလုပ်သင်အစီရင်ခံစာကို အပြီးသတ်ရန် အလုပ်သင်သင်တန်းတစ်ခု ထပ်မံရှာဖွေရန် လိုအပ်လာသည်။ဝမ်ပေါ် က သူ့ကို ဝမ်ဖုန်းကုမ္ပဏီထဲသို့ အလုပ်ဝင်ရန် အဆိုပြုခဲ့ပြီး  ကျန်းဇီမော့ကလည်း သဘောတူခဲ့ပါသည်။ ဤသည်ကား သူ့အတွက်ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်လေ၏။

ဝမ်ဖုန်းလုပ်ငန်းစုသည် ယခုအချိန်တွင် တည်ငြိမ်ခြင်းမရှိတော့ပေ။  စစ်ကျွင်းတောက်သည် ဝမ်ပေါ် နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေချိန်တွင်  သတိကြီးစွာထားခဲ့သည်။ သူသည်  သဘောတူညီချက်နှစ်စုံကို ပြင်ဆင်ထားပြီး တစ်ခုမှာဝမ်ဖုန်းနှင့်ဖြစ်ပြီး အခြားတစ်ခုမှာလင်ဟယ့်နှင့် ဖြစ်သည်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now